Zawgyi
Fresher welcomeနေ့
ဓာတ်ပုံရိုက်တဲ့သူရိုက်နှင့် ငယ်ရွယ်မှု အလှပန်းလေးများဟာ အစွမ်းကုန်ဖူးပွင့်၍ စုဝေးနေကြသည်။
ဖျော်ဖြေပွဲတွေ စားသောက်ပွဲတွေနှင့် တပျော်တပါးကြီး ပျော်ရွှင်နေကြသည်။
ဤအချိန် တံခါးဖွင့်သံအားကြားလိုက်ရပြီး ဟောခန်းကြီးထဲဝင်လာသည့်သူကြောင့် ကျောင်းသားအားလုံးသည် ငြိမ်ကျသွားသည်။
stageပေါ်ထိ တန်းမက်နေအောင်တက်သွားသည့် သူသည် ကျောင်းသားတွေမျော်လင့်နေသည့် သူများမဟုတ်ခဲ့။
တစ်ဖက်တွင်တော့ ကျောင်းတော်ကြီးအားကျောခိုင်း၍ ပြေးထွက်လာကြသော အထုတ်ကိုယ်စီနှင့် လေးယောက်သည် ကိုယ်စီအပြုံးတွေရစ်သီလျက်။
"SeokJin နင့်ကားက နှစ်ယောက်စီးလို့ပဲရတာ လေးယောက် ဘယ်လိုစီးမလဲ"
ကျောင်းရှေ့တွင်ရပ်ထားသည့် ပြိုင်ကားအစိမ်းကို အထုတ်ကိုယ်စီဆွဲလာသော လေးယောက်က ရပ်ကြည့်နေသည်။
"SeokJin အမိုးဖွင့်ကြည့်"
ကားထဲ ကိုယ်တစ်ပိုင်းဝင်၍ အမိုးဖွင့်သည့် ခလုပ်အား နှိပ်လိုက်တော့ အရှေ့က လူနှစ်ယောက်ထိုင်လို့ရသည့် နေရာအပြင် အနောက်မှာ ပစ္စည်းထားစရာ အကန့်အသေးသာရှိသည်။
ပါလာသည့် ကျောပိုးအိတ်ရယ် အဝတ်ပတ်ထားသည့် ဗူးကြီးရယ် ဂစ်တာတစ်လက်ရယ်ကို အနောက်ခန်းမှာထည့်လိုက်၍ ဇီလန်က ကားမောင်းသည့်နေရာမှာဝင်ထိုင်လိုက်ပြီး Jungkook ကလည်း ဘေးခုံမှာဝင်ထိုင်လိုက်သည်။
"နင်တို့နှစ်ယောက်က အနောက်ကလွတ်နေတဲ့နေရာမှာခြေထောက်ထားပြီး အနောက်အဖုံးစွန်းပေါ်ထိုင်လိုက်"
ဇီလန် စီစဉ်ပေးသလို ထိုင်တော့ ကိုယ်မြင့်သွားရုံမှလွဲပြီး အဆင်မပြေတာမျိုးမရှိခဲ့။
ရှိလို့လည်းမရခဲ့ သိန်းထောင်ချီပေးဝယ်ရတဲ့ကားဖြစ်လည်း ထိုင်စရာနေရာမှမရှိဘဲ။ မပြေလည်း ပြေတယ် သဘောထားပြီးသာ ထိုင်ရုံပေါ့။
မြို့ပြင်ရောက်တော့ ကားသိပ်မရှိတာမို့ သီချင်းတွေအော်ဆိုရင်း လွင့်ချင်တိုင်းလွင့်တော့သည်။ ကားအနောက်ဖုံးတွင် ထိုင်နေတာမို့ Joonရော Kimရော ဘေးတစ်ဖက်စီကို သေချာကိုင်ထားရပြီး အတူတွဲထိုင်ရသည့်အခါ Joonသည် Kimခါးတွေကိုလည်း ပိုင်စိုးပိုင်နင်း ဖက်ထား၏။
