Zawgyi
ပထမနှစ်ဆိုသည့်အတိုင်း King နဲ့ Queenရွေးပွဲကိုတော့ ရှောင်လွဲ၍မရချေ။
မင်းသမီး မင်းသားတွေနီးနီး ပြင်ဆင်ခြယ်သထားသည့် ကျောင်းသူကျောင်းသားတွေကြား တွင် နာမည်ကြီးလှစွာသော နတ်ကွန်းအဖွဲ့သည် ရှိမနေ။
"ခြေထောက်က စိမထားနဲ့လေ အရှေ့ထုတ်ထား"
ဇီလန်၏ အသံစူးစူးကတော့ လူရှင်းသည့် နေရာတစ်ခုလုံးအား လွမ်းမိုးထားသည်။
"မျက်နှာကြီးတည်မထားနဲ့လေ ပုံကောင်းကောင်းမထွက်ရင် ငါ့ကိုအပြစ်လာမတင်နဲ့"
Kingနဲ့ Queenဟူသော စလွယ်နှင့် သရဖူသည် ခုံတန်းပေါ်တွင် ပစ်စလက်ခံတင်ထားခံရပြီး ပိုင်ရှင်ဖြစ်သူ ဇီလန်နှင့် Kim SeokJin ကတော့ ကျန်တဲ့နှစ်ယောက်နဲ့အတူ ပုံလှလှရဖို့အရေးသာ ကြိုးပန်းနေကြသည်။
"ဒီနေရာက အလင်းအားကောင်းတယ် ဖယ်တော့ နင်တို့တွေ ငါ့ကိုရိုက်ပေးအရင်"
ဇီလန်ပြောတော့ နံရံမှာပေါက်နေသည့် ပန်းခြုံကြီးအရှေ့ကနေ Kim တို့သုံးယောက်က ဖယ်လိုက်ရပြီး ဇီလန်ကတော့ အိုက်တင်ပေါင်းစုံထုတ်လို့နေပြီ။
"ငါ့ပို့စ်တွေကို ငါယုံကြည်ပြီးသားနော် တလွဲတွေပုံထွက်လာရင် တစ်နေကုန်အဆောင်မပြန်ခိုင်းဘဲ လှတဲ့ပုံရတဲ့အထိရိုက်ခိုင်းနေမှာ"
ပြောလဲပြော အိုက်တင်မျိုးစုံကို လျှင်မြန်စွာပြောင်းနေသည့် ဇီလန်အား ကျန်သုံးယောက်က ရှုထောင့်မျိုးစုံကနေ ဓာတ်ပုံရိုက်ပေးနေရသည်။
"ဖုန်းကို ဇောက်ထိုးကိုင်ပြီးရိုက် အရပ်ရှည်တဲ့ပုံပေါက်အောင်"
Jungkook သည် မြေကြီးပေါ်အိပ်ရမတက်ကို အသဲအသန်ကြိုးစားရိုက်ပေးနေရရှာသည်။
မိနစ်အနည်းငယ်ကြာတော့ မှ ဇီလန်က ဖုန်းတွေကို ယူကြည့်ပြီး
"မဆိုးဘူး မဆိုးဘူး ..... ပုံတိုင်းလှပေမယ့် ဒီပုံက အလှဆုံးဘဲ profileပြောင်းတော့မယ်"
ပုံ200ကျော်လောက်မှာ 10ပုံလောက်အား ချန်၍ အကုန်ဖျက်လိုက်ပြီးနောက် ဇီလန်သည် သူတို့ဘက်ကို ပြန်လှည့်လာတော့သည်။
