Zawgyi__ငယ်ရွယ်မှု__
သဲအိတ်သည် ကျရောက်လာသည့် လက်သီး၏အရှိန်ကြောင့် ယမ်းခါနေပြီး ဆက်တိုက်ဆိုသလို ကျရောက်လာသော ကန်ချက်တွေသည်လည်း သေသပ်လွန်းလှသည်။
နာရီဝက်နီးနီး Boxingလေ့ကျင့်ပြီးချိန်မှာတော့ အလေးတုံးတွေရှိရာကို လျှောက်လာခဲ့ပြီး 15ပေါင်အလေးချိန်ရှိသော အလေးတုံးဖြင့် လေ့ကျင့်ခန်းလုပ်နေပြန်သည်။
ပုံမှန်နေရင် သွယ်လျလျလက်နုနုတစ်စုံဟာ အားစိုက်၍ လေ့ကျင့်ခန်းလုပ်သည့်အခါ ကျစ်လစ်လှသော ကြွက်သားတွေက ထင်းထွက်လာသည်။
မှန်ထဲပေါ်နေသည့် ကောင်မလေးသည် ချွေးသံတရွဲရွဲဖြင့် လေ့ကျင့်ခန်းအပေါ် အာရုံစိုက်လို့နေသည်။
"ဇီး.....ဇီး နင်ဒါကိုမြင်ပြီးပြီလား"
အတူတူ အားကစားလုပ်နေသည့် ကောင်မလေးပြလာသည့် ဖုန်းကို ယူကြည့်ပြီးတဲ့အခါမှာတော့ ကျန်တဲ့သူတွေရှိတဲ့ အခန်းကိုသွားရန်ဦးတည်လိုက်ပြီး ထိုနေရာမှအမြန်ပြေးထွက်လာခဲ့သည်။
"ဇီး အလေးတုံးကြီး ချသွားအုံး!"
အနောက်ကသတိပေးသံအား ကြားဟန်မရှိသော ဇီလန်သည် 10ပေါင်အလေးတုံးကြီးအားကိုင်၍ ကျောင်းအတွင်းပြေးနေခဲ့ပါသည်။
"SeokJin!!"
"That's some wet a** P**y!!"
ဇီလန်ရဲ့ အသံကျယ်ထက် ပိုကျယ်သော Kim၏ ယောင်သည့်အသံသည် စာသင်ခန်းတစ်ခုလုံးအပါအဝင် အလောတကြီးပြောမည့် ဇီလန်နှင့် စာအုပ်ကြည့်နေသည့် ကျန်နှစ်ယောက်ပါ ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။
"ဘာလို့ အလေးတုံးကြီးကိုင်ပြီး အသံပြဲကြီးနဲ့ လာအော်နေတာလဲ"
Kim သည် ဝိုင်းကြည့်နေသည့် လူအုပ်ကြောင့် မျက်နှာကြီးနီလာပြီး ဇီလန့်အား အသံတိုးတိုးဖြင့် အပြစ်တင်သည်။
ဤတော့မှ လက်ထဲက အလေးတုံးကိုသတိထားမိပြီး စားပွဲပေါ်တင်လိုက်သည်။
"ဖုန်း...ဖုန်းထုတ် "
ပြောမည့်စကားစီကို အာရုံပြန်ရောက်လာသော ဇီလန်က စကားလမ်းပြန်တည့်တော့ Kim ဖုန်းထုတ်၍ပေးလိုက်သည်။
