Zawgyi"လာပါ သွားကြည့်ရအောင်"
"မလိုက်ဘူး မင်းဘာမင်းသွား"
"သားလေးရာ လုပ်ပါ သွားမယ်"
"မသွားဘူး"
"Joonရယ် မိန်းကလေးဖြစ်တဲ့ငါတောင် သွားကြည့်ချင်တာ လိုက်ခဲ့စမ်းပါ"
"မလိုက်ဘူး အိမ်ပြန်မှာပါဆို Kim ကူအုံး"
ငြိမ်မြဲတိုင်းငြိမ်နေသော Kimကြောင့် သုံးယောက်တစ်ယောက်ဘယ်လိုမှ ပြိုင်ငြင်းလို့မရတော့ဘဲ Jimin ဦးဆောင်ပြီးဆွယ်တဲ့ ပထမနှစ်တွေအခန်းဘက်ကို ရောက်လာကြရသည်။
ယခုပထမနှစ်တွင် အချောအလှတွေပေါသော်လည်း ကောင်မလေးတစ်ယောက်ကတော့ ထူးထူးခြားခြား စီနီယာတန်းတွေအထိ ရေပန်းစားနေတာမို့ "တွေ့ဖူးချင်တယ် သွားကြည့်မယ်"ဆိုပြီး Jimin ကစပြောခဲ့သည်။
ဒါမျိုးကျ နှစ်ခါမခေါ်ရတဲ့ Koo နဲ့ ဇီလန်က တွေ့ချင်တာနည်းနည်း စပ်စုချင်တာကများများမှန်းလည်း Joonသိသည်။
ဒီနေ့မှ မေမေက အိမ်မှာ မုန့်လုပ်မှာမို့ ပြန်လာဖို့ပြောပြီးသားပင်။ သွားမည့်စဲစဲမှ သုံးယောက်သားရောက်လာပြီး ငြင်းမရပြောမရနဲ့ ခေါ်သွားရာနောက်ကိုသာ ကောက်ကောက်ပါအောင် လိုက်သွားရတော့သည်။
အခန်းအရှေ့က ခေါက်တုန့်ခေါက်ပြန်လျှောက်၍ ရေပန်းစားနေသည့်ကောင်မလေးအားကြည့်သော်လည်းမတွေ့ရ။
နောက်မှ အနောက်ဆုံးအတန်းတွင် ဖုန်းနှိပ်နေသည့်ကောင်မလေးအားတွေ့ရတော့သည်။
အမှန်တကယ်ပင် သူများတွေပြောနေကြတာလည်းမမှား။ ချောသည်ထက် သူတို့မျက်လုံးထဲမှာတော့ ချစ်စရာကောင်းလွန်းတယ်ဟုသာသတ်မှတ်သည်။
သူတို့ကြည့်နေသည့်အချိန် ကောင်မလေးက ရုတ်တရက်လှည့်ကြည့်လာတာကြောင့် အားလုံးအမြန်အကြည့်လွဲလိုက်ပြီး
"စာကလေးအသိုက်က လှသားနော်"
"ဘယ်မှာလဲ....အဲ ဟုတ်သား လာသွားကြည့်မယ်"
Koo နှင့်ဇီလန်၏ စကားသည်ရူးကြောင်ကြောင်နိုင်ပေမယ့်လို့ အားလုံးက အလိုက်သင့်ဟန်ဆောင်၍ ထိုအခန်းရှေ့ကထွက်လာလိုက်သည်။

YOU ARE READING
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~