Zawgyi"သား ဖီဟန်း.....အငယ်လေးကို သူ့အမေလည်း ပေးချီလိုက်ပါအုံး သားချည်းပဲ အိမ်ရောက်ထဲကချီနေတာ"
ဆေးရုံက ဆင်းလာထဲက အနှီးထုတ်လေးကို လက်ကမချဘဲ ချီထားသည့် ဖီဟန်းအား ဂါအင်က ဆူသလိုစတော့
"သားမညောင်းပါဘူးဗျာ ဒေါ်လေး သားဆက်ချီထားမယ်နော်"
"သဘောပါရှင်"
"ဒါနဲ့ မီဆူ သားငယ်ကို နာမည်ပေးပြီးပြီလား"
"ပေးပြီးပါ့ရှင် မွေးတဲ့အချိန်အတိအကျကို
အကို့ မွေးရပ်ရွာက နတ်ဆရာစီပို့လိုက်တော့ ဇာတာတိုက်ပြီးမှ နာမည်ပေးလိုက်တာ....... Kim SeokJin တဲ့""Kim SeokJin.......အရှင့်သား"
နာမည်ကြားတော့ ဖီဟန်း၏ အပျော်တွေပိုတိုးလာခဲ့ပြီး အနှီးထုတ်ထဲက နီတာရဲလေးကို ကြည့်၍ နာမည်လေးအားခပ်တိုးတိုးရေရွတ်တော့ အနှီးထုတ်လေးရဲ့ အော်ငိုသံစူးစူးဟာ တစ်အိမ်လုံးကို ပြည့်လျံ၍ ထွက်ကျလာတော့သည်။
အနှီးထုတ်လေးကို အမေဖြစ်သူ မီဆူက ပြန်ယူ၍ မိခင်နို့ချိုအားတိုက်ကျွေးတော့မှ တအီအီဖြင့် အငိုရပ်ကာ ပြန်အိပ်ပျော်သွားတော့သည်။
.
.
.
.
"Kim SeokJin!!"မီဆူ၏ ဒေါသသံကိုရိပ်မိသော အသေးလေးသည် ခပ်မြန်မြန်ပင် လွယ်အိတ်ကြီးအားပစ်ချ၍ ဖီဟန်း ကိုယ်ပေါ်သို့ ကုတ်တွယ်တက်တော့သည်။
" ဖီဟန်း ကိုယ်ပေါ်တက်ပြေးရုံနဲ့ လွတ်မယ်ထင်နေလား အောက်ဆင်းလာစမ်းအခု"
"မချင်းဘူး"
ခေါင်းလှည့်ကာ တချက်ပြောပြီးနောက် ဖီဟန်း၏ ကျောင်းဝတ်စုံကြားထဲ အတင်းတိုးဝေ့ကာပြန်ဝင်တော့သည်။
"ဒေါ်လေးမီဆူ ငယ်လေး ကို မဆူပါနဲ့ဗျာ ကလေးကငယ်သေးလို့ပါ"
" မင်းလည်းမင်းညီကို ကာမနေနဲ့ ဖီဟန်း။
ဘာကလေးလည်း မူကြိုလေးတစ်ခါပို့ပါတယ် ပထမနေ့ထဲက သူများကလေးကို ခေါင်းပေါက်အောင် ရိုက်သတဲ့ လူကြားလို့မှမကောင်း""ကောင်းပါသယ် မေဂျီးကယဲ"
"ကြည့်စမ်း ဒီလောက်ပြောနေတာတောင် ပြန်ပတ်နေသေးတယ် ငါလုပ်လိုက်ရ"

BINABASA MO ANG
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~