Zawgyi___ဘီဇီလန်___
"ဇီး!!"
နားနေခန်းသို့ အထုတ်မျိုးစုံအားဆွဲ၍ ပြေးဝင်လာသော သုံးယောက်သည် ပါးစပ်ကလည်း ဇီလန့်နာမည်အား အသံကျယ်ဖြင့် အော်ကာ ဝင်လာကြသည်။
စွပ်ကျယ်အနက်ကိုယ်တိနှင့် ဘောင်းဘီတိုဖြင့် ဇီလန်သည် မြင်နေကြပုံစံနှင့် ကွဲပြား လို့နေသည်။
ဆံပင်တွေအား အပြောင်သိမ်းကာ သေသပ်နေအောင်ကျစ်ထားသည့် အသားကပ်ကျစ်စမီးကို လက်စသတ်ပြီးနောက် လက်အိတ်မဝတ်ခင်ပတ်ရမည့် ပတ်တီးအား ပတ်နေသည်။
"အဆင်သင့်ဖြစ်ပြီပေါ့"
Joonအမေးကို ဇီလန် ခေါင်းညိမ့်ပြပြီး လက်အိတ်ကို ဝတ်ရန်ပြင်သည်။
"အဆင်သင့်မဖြစ်သေးဘူး လုပ်ဖို့ကျန်သေးတယ်။ မေမေကပေးလိုက်တာ ဘာလဲမသိဘူးရွတ်ပြီး သုံးကြိမ် ပုတ်ရမယ်တဲ့ ဒါပေမယ့်ငါရွတ်ရမယ့် အဝါရာင်စာရွက်က မေ့လာလို့ ဒီတိုင်းပုတ်လိုက်တော့မယ်"
Kimသည် ပြောလည်းပြော အိတ်ထဲက ခြူလုံးတွေအားထုတ်၍ ဇီလန့်ခေါင်းကို သုံးကြမ်ပုတ်လိုက်သည်။
"ရပြီ သွားတော့ ငါတို့ စင်ပေါ်ကနေကြည့်နေမယ်"
ခြူလုံးတွေအား အိတ်ထဲပြန်ထိုးထည့်ပြီး သုံးယောက်သားပြန်ထွက်သွားတော့မှ ဇီလန်သည် အကျောလျော့၍ သွေးပူလေ့ကျင့်ခန်းတချို့ကို လုပ်နေလိုက်သည်။
နားနေခန်းကပြန်ထွက်လာပြီးသည်နှင့် ခန်းမကြီးစီသွားပြီး စင်ပေါ်မှာနေရာယူ၍ စနေပြီဖြစ်သော တချို့ပွဲစဉ်များအား ကြည့်နေလိုက်ကြသည်။
ခန်းမသည် အတော်ကိုကျယ်ပြီး စင်ဟုပြောသော နေရာသည် လှေကားထစ်များကဲ့သို့ ထိုင်ခုံတွေအဆင့်ဆင့်လုပ်ထားသည်နေရာပင်ဖြစ်သည်။
ဇီလန်ပေးသော ခုံနံပါတ်အတိုင်း အရှေ့ဆုံးတန်းမှာထိုင်ရပြီး ကြိုးဝိုင်းထဲကိုကောင်းမွန်စွာမြင်ရ၏။
"ဇီး သူငယ်ချင်းတွေလား"
တခြားပွဲစဉ်တွေအားကြည့်နေစဉ် bodyတောင့်တောင့်နှင့် လူကြီးတစ်ယောက်က ဘေးမှာထိုင်ပြီး မေးလာ၏။
