ep1

6K 528 82
                                    

" သူပြန်ရောက်နေပြီလား "

" မရောက်သေးဘူး အစ်ကိုလေးဂျင် "

" ဟုတ်ပြီ အိပ်လို့ရပြီ
ကျွန်တော်ပဲသူ့ကိုစောင့်လိုက်မယ် "

" ဟုတ်ကဲ့ အစ်ကိုလေးဂျင် "

ဆော့ဂျင်ဆေးရုံကပြန်လာတော့ ရှစ်နာရီထိုးနေပြီ။
ဒီနေ့ လုပ်‌ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ လက်ထပ်ပွဲ
ဒင်နာလည်း ရောက်ခဲ့သေးတော့ ပုံမှန်ထက်
နောက်ကျနေပြီ။ သူနောက်ကျနေတော့
ဂျောင်ဂုများ ပြန်ရောက်နေပြီလား မေးကြည့်တော့
ဂျောင်ဂုကပြန်မရောက်သေး။ အင်းလေ
ရှစ်နာရီဆိုတာက သူ့အတွက်သာ နောက်ကျနေတာ
ဂျောင်ဂုအတွက်ကတော့ အစောကြီးရှိအုံးမည်။

ဂျောင်ဂုနဲ့သူနဲ့ လက်ထပ်ခဲ့ကြတာ
ခုနစ်လပြည့်တော့မည်။ အခုထိ
အရင်အတိုင်း မတိုးတက်လာသေး။
သူနဲ့လက်ထပ်ရမည်ဆိုတော့
ဂျောင်ဂုဘက်က အကြီးအကျယ်
ကန့်ကွက်ခဲ့တာ။ အဲဒီတုန်းက
ဂျောင်ဂုမှာ တွဲနေတဲ့မိန်းကလေးရှိတယ်လေ..
အဲမိန်းကလေးကလည်း တော်တော်လှတဲ့
မော်ဒယ်သရုပ်ဆောင်။ ပြီးတော့ သူက ယောကျာ်းလေးတစ်ယောက်ကို
ဘယ်လက်ထပ်ချင်ပါ့မလဲ။ သူကတော့
ဦးနှောက်နဲ့စဉ်းစားဆုံးဖြတ်ပြီး
ခေါင်းညိတ်လက်ခံခဲ့သည်။
သူ့ဘက်ကငြင်းရင် ရလျက်နဲ့ မငြင်းခဲ့တော့
ဂျောင်ဂုက သူ့ကိုအခဲမကြေဖြစ်နေတာ
အခုထက်ထိပဲ။ သူတို့လက်ထပ်ပြီးတာပဲ
လပိုင်းကျော်ခဲ့ပြီ စကားများကြတိုင်း
ထိုအရာက အပြစ်တစ်ခုလိုပဲ။

သူရေမိုးချိုးလိုက်ပြီး မီးဖိုချောင်ဘက်
ထွက်ခဲ့သည်။ ဂျောင်ဂုပြန်လာရင်
မစားတော့မှန်းသိပေမဲ့ အဆင်သင့်
‌နွှေးပေးထားလိုက်သည်။ ပြီးတော့
သူစာဖတ်ရင်း ဧည့်ခန်းတွင်
ဂျောင်ဂုအလာကို‌ စောင့်နေလိုက်သည်။
သူတို့က လက်ထပ်ထားကြပေမဲ့ တစ်ခါတလေ
သူစိမ်းသာသာပဲ သူတို့ဆက်ဆံရေးက။
အဓိကက ဂျောင်ဂုအလိုကို လိုက်နေရသည်။

အိမ်အကူတွေပင် ဂျောင်ဂုအိမ်မှာရှိရင်
နေစရာမရှိတော့။ အမြဲသူက သူ့ကို
ပြဿနာရှာချင်တာနဲ့ ဘေးလူတွေပါမချန်
နေစရာမရှိအောင် လုပ်တတ်သည်။
ဒါတောင် သူတို့နှစ်ယောက်စလုံးက
အပြင်မှာရောက်နေတာက
ခပ်များများ။ အခုလို ညဉ့်နက်ချိန်မှဆို
ပြန်လာရင် မူးလာတော့မည်။ ပြီးရင်
သူ့ကိုစောင့်နေမဲ့သူမရှိလျှင် ပြဿနာ
ရှာပြီး ပစ္စည်းတွေဖျက်ဆီးတော့မည်။
သူကတော့ သူနဲ့ပြဿနာမဖြစ်အောင်
လိုက်ညှိနေလိုက်တာပဲ။ သူကလည်း
ဆရာဝန်ဆိုတော့ အလုပ်များတဲ့သူမလို့
ဆေးရုံမှာသာ အနေများသည်။

Falling in love with my husband [✓]Where stories live. Discover now