ep11

3.5K 480 64
                                    

နောက်တစ်နေ့မနက်ရောက်တော့
သူခန္ဓာကိုယ်က နုံးချည့်နေသည်။
မနေ့ညက သူ့အားအင်တွေကုန်သလောက်
ဖြစ်သွားခဲ့သည်။ သူ့လက်ချောင်း
တစ်ချောင်းချင်းစီကတောင်
အားမရှိတော့သလို အဝတ်အစားပင်
ပြန်မဝတ်နိုင်တော့ဘဲ ဒီအတိုင်း
အိပ်ရာဝင်ခဲ့ရတာ။ ညလယ်လောက်
ရောက်တော့လည်း သူအောက်ပိုင်းက
အဆမတန်နာကျင်ကိုက်ခဲလာတာကြောင့်
အကိုက်အခဲပျောက်ဆေးနှစ်လုံးတောင်
သောက်လိုက်ရသည်။ ဂျောင်ဂုလည်း
သူ့ကြောင့်နိုးလာခဲ့သေးသည်။ ဂျောင်ဂုက
အအိပ်ဆတ်သည်။ သူနည်းနည်းလောက်
လှုပ်ရွလိုက်တာနဲ့ ချက်ချင်းသိသည်။
သူဆေးသောက်ပြီးပြန်အိပ်တော့
သူကအိပ်မရတော့ဘူးထင်ပါရဲ့
ညနေကလုပ်လက်စအလုပ် ဆက်လုပ်နေပုံရသည်။
သူပြန်အိပ်ပျော်သွားတော့ ဂျောင်ဂုဘယ်အချိန်
အိပ်ရာဝင်လဲတောင်မသိတော့။

ညကနာကျင်မှုက ဆေးနှစ်လုံးသောက်ထား၍
မနက်ရောက်တော့ သိပ်တော့ဆိုးရွားမနေတော့။
လူကတော့ အားမရှိသလို နုံးချည့်နေသေးသည်။
သူသူ့ခါးပေါ်တွင် တင်းကြပ်စွာဖိဖက်ထားတဲ့
ဂျောင်ဂုလက်တွေကို အားမရှိစွာ ဖယ်လိုက်သည်။
ဂျောင်ဂုက ညက သူ့ကြောင့်မအိပ်ရဘူးထင်ပါရဲ့
အိပ်မောကျနေသည်။ သူက ပင်ပန်းတဲ့နေ့တွေ
ဂျူတီကြောင့်အိပ်ရေးပျက်ထားတဲ့ညတွေဆို
ဟောက်သံပိစိလေးတွေ ထွက်တတ်သည်။
အဲအချိန်တွေကြရင် ဂျောင်ဂုက သူနဲ့အတူ
လာမအိပ်တော့။ မနေ့ကလည်း
သူနာကျင်မှုကြောင့် ဆေးမသောက်ခင်က
တော်တော်ဆိုးဆိုးဝါးဝါး ညည်းညူခဲ့တာ။

" ခင်ဗျား သက်သာလား "

သူခေါင်းကို ချက်ချင်းစောင်းကြည့်လိုက်သည်။
ဂျောင်ဂုက အခုမှနိုးပုံရတယ် မျက်လုံးတွေပွတ်ကာ 
သူ့ကိုကြည့်နေသည်။ ဂျောင်ဂုအသံက သူ့ကို
တစ်နေရာရာစီသို့ ဆွဲခေါ်နေသလိုခံစားလိုက်ရသည်။
အိပ်ရာနိုးစ ဂျောင်ဂုအသံက နား‌ထောင်အကောင်းဆုံးပဲ။

" မသက်သာဘူးလား "

သူဘာမှပြန်မဖြေတော့ ထပ်မေးကာ
သူ့နဖူးကိုလာစမ်းသည်။ သူအမြန်
ခေါင်းယမ်းပြလိုက်သည်။ ပြီးတော့
သူအိပ်ရာမှထမယ်ပြင်လိုက်တော့
ဂျောင်ဂုလက်တွေက သူ့ခါးပေါ်တွင်ရှိနေတုန်း။
သူ့လက်တွေကလည်း ဂျောင်ဂုလက်တွေပေါ်
ထပ်ကိုင်လျက်။ သူအမြန်လက်လွှတ်လိုက်တော့
ဂျောင်ဂုလက်တွေကလည်း ခါးပေါ်မှဖယ်ခွာသွားသည်။
သူအိပ်ရာမှထထိုင်လိုက်သည်။

Falling in love with my husband [✓]Where stories live. Discover now