ep4

3K 477 49
                                    

ဂျောင်ဂုက လူကြီးမင်းဂျွန်နဲ့
သဘောတူညီချက်တစ်ခုရယူပြီး
သူတို့ဆေးရုံတွင် အလုပ်လာဆင်းနေတာ
သုံးရက်ပင်ရှိသွားပြီ။ အလုပ်ဆင်းတယ်ဆိုတာက
အများသောအားဖြင့် အခန်းတွင်း၌သာ
ဖုန်းကြည့်နေတာမျိုး ဂိမ်းဆော့နေတာမျိုးသာ။
မနက်ခင်းလှည့်ပတ်စစ်ဆေးရမဲ့အချိန်တွင်လည်း
အနံ့မခံနိုင်လို့ အကြောင်းပြပြီး မလုပ်ဘူး။
ဒါရိုက်တာအစည်းအဝေးတွင်လည်း
အိပ်ငိုက်လို့ဆိုပြီး လိုက်မလုပ်ဘူး။
ဆေးရုံအတွင်း ဆေးလိပ်မသောက်ရ
ဆိုတာကို လက်ကဆေးလိပ်မချ။
လူကြီးမင်းဂျွန်ကတော့ ‌အကောင်းအမြင်ဖြင့်
ဘာမှမပြောလာ။ အရင်ဆုံး သူက ဂျောင်ဂုကို
ဆေးရုံရုံးခန်းတွင် မြင်ချင်တာဖြစ်သည်။
သူကတော့ ဂျောင်ဂုဘယ်နှစ်ရက်ခံမလဲသာ
စိတ်ဝင်စားနေသည်။ ပြန်လာတိုင်း
သူကအဝတ်တွေကို အမြန်ချွတ်ပြီး
ဝေးဝေးလွှတ်ပစ်လိုက်သည်အထိ
ဆေးနံ့ကိုမုန်းနေသည်။

" ဒေါက်တာကင်မ် .. ကော်ဖီ "

" အာ ကျေးဇူး ဒေါက်တာဟန်
ဂျူတီပြီးပြီလား "

" ဟင့်အင်း ဒေါက်တာဒီမှာထိုင်နေတာတွေ့လို့
ထွက်လာခဲ့တာ ကော်ဖီအတူသောက်ရအောင်လို့ ..
ကျွန်တော်တို့ကော်ဖီအတူမသောက်တာ
ဘယ်လောက်ကြာသွားပြီလဲ "

" ဟုတ်ပါရဲ့ "

ဆေးရုံမှာအလုပ်များတာရော
သူကအိမ်ထောင်ကျသွားတာရောကြောင့်
သူအရင်လို အပြင်တွေသိပ်မထွက်ဖြစ်တော့တာ။

" တစ်ရက်ရက်လောက်တော့
အပြင်ထွက်ကြမလား "

" ဒိတ် .. "

" အာ ဒိတ်သဘောမျိုးတော့မဟုတ်ပါဘူး
ကျွန်တော်က.. "

" ကျွန်တော်ကနောက်တာပါ
ဒါဆို အားတဲ့အချိန်ချိန်းလိုက်နော် "

သူတို့နှစ်ယောက်ကြား
အနည်းငယ်အနေခက်မှုတွေနဲ့အတူ
ဘာမှဆက်မပြောဖြစ်ကြတော့ဘဲ
လူသွားလူလာများတဲ့ လမ်းဘက်ကိုသာ
အာရုံစိုက်လိုက်ကြည့်နေမိသည်။

အမှန်တော့ ဂျီဝန်းက
သူအိမ်ထောင်မကျခင်ကတည်းက
သူ့ကိုစိတ်ဝင်စား‌ကြောင်း ဝန်ခံဖူးသည်။
သူစဉ်းစားချိန်တောင်မရလိုက်ဘဲ
လူကြီးမင်းဂျွန်ရဲ့ကမ်းလှမ်းချက်
ဝင်လာခဲ့ပြီး သူဂျီဝန်းနဲ့
အကြောင်းကို မေ့လိုက်တော့သည်။
ဂျီဝန်းကလည်း သူ့ဆုံးဖြတ်ကို
နားလည်ပေးခဲ့ပြီး သူတို့အဆင်ပြေပြေ
ရှိခဲ့ကြသည်။

Falling in love with my husband [✓]Where stories live. Discover now