ep7

3.3K 462 70
                                    

သူအသိစိတ်ဝင်မိတဲ့အချိန်မှာတော့
အိပ်ရာပေါ်ရောက်နေခဲ့သည်။
ဂျောင်ဂုက သူ့အပေါ်တွင် ထပ်လျက်နဲ့
နှုတ်ခမ်းတွေကို အဆက်မပြတ်စေခဲ့။
လက်တွေကလည်း သူ့ကျောပြင်တစ်လျှောက်
ပြေးလွှားနေတော့ သူခန္ဓာကိုယ်တစ်ခုလုံး
ပူတက်လာသည်။ တင်းမာနေတဲ့အရာနှစ်ခု
ထိတွေ့သွားတဲ့အခါ သူလန့်သွားရင်း ထိုမှအသိစိတ်ဝင်လာသည့်နှယ်
သူဂျောင်ဂုရင်ဘတ်တွေကနေ ကိုင်ရင်း
တွန်းဖယ်ကာ ရပ်တန့်ဖို့ကြိုးစားတော့သည်။

ခဏအကြာကြိုးစားလိုက်‌တော့ ဂျောင်ဂု
ရိပ်မိသွားပြီး အနမ်းတွေဖယ်ခွာသွားကာ
သူ့ကိုကြည့်လာသည်။ ‌ဘာမှမပြောဘဲ
ရီဝေဝေသာကြည့်နေတော့ သူအကြည့်လွဲကာ
သူ့ကိုယ်သူပါ သတိပေးသလို
တိုးတိုးလေးပြောလိုက်သည်။

" မဖြစ်သေးဘူးလေ "

" ဘာလို့လဲ "

ဂျောင်ဂုအသံတွင် မကျေနပ်ချက်တွေပါနေသည်။
သူဒါကို ဘယ်အထိရှင်းပြရအုံးမလဲ။
အရမ်းရုတ်တရက်ဖြစ်လွန်းတယ်လေ။

" မဖြစ်သေးဘူး ဒါက ဆေးပညာနဲ့လည်း
မကိုက်ညီဘူး "

" ဘာ! ဒါကဘယ်လိုဖြစ်နိုင်မှာလဲ
မဖြစ်နိုင်တာ! လိင်တူလက်ထပ်ထားတဲ့‌သူတွေက
ဒီအတိုင်းတရားမှတ်နေကြတာလား "

" မဟုတ်ဘူး ငါပြောချင်တာက
အခုက အရမ်းရုတ်တရက်ဆန်လွန်းတယ်
ငါတို့ပြင်ဆင်ဖို့လိုသေးတယ် "

" ဘယ်လိုပြင်ဆင်ရမှာလဲ "

" ဒီ ဒီနေ့တော့မဖြစ်ဘူး ညစာစားထားလို့
အူမရှင်းထားရင် ကျန်းမာရေးအတွက်
မကောင်းဘူး အညစ်အကြေးစွန့်တဲ့နေရာဖြစ်လို့ ကြိုတင်သန့်ရှင်းထားဖို့လည်းလိုတယ် "

ဂျောင်ဂုက သူ့ကိုစိတ်မရှည်သလိုကြည့်နေပေမဲ့
သူပြောစရာရှိတာ တစ်စပ်တည်းပြောလိုက်သည်။
သူလည်းရှက်ပေမဲ့ သူတို့ကသာမန်မဟုတ်တဲ့
နေရာက ဆက်ဆံရမှာဖြစ်တဲ့အပြင် ပထမဆုံး
အကြိမ်လည်းဖြစ်မှာကြောင့် ဆရာဝန်တစ်ယောက်ရဲ့
အသိစိတ်တွေက အရင်ဝင်လာသည်။
ဘယ်လောက်ပဲစိတ်ပါနေပါအုံးတော့
ခန္ဓာကိုယ်ကို ပစ်စလက်ခတ်မထားသင့်ဘူးလေ။ ပြင်ဆင်မှုမရှိထားရင် နှစ်ယောက်စလုံးအတွက်
စိတ်ပျက်စရာတွေ ဖြစ်သွားနိုင်တယ်။
ကျန်းမာရေးနဲ့မသင့်လျော်တာတွေကိုလည်း
ရှောင်ရှားထားဖို့လိုတယ်။

Falling in love with my husband [✓]Where stories live. Discover now