ep13

3.3K 433 66
                                    

" ဒေါက်တာ ဒေါက်တာက မောင်နဲ့
လက်ထပ်ထားတဲ့သူ ဟုတ်တယ်မလား "

ဆော့ဂျင် လုပ်လက်စရပ်တန့်သွားပြီး
ယယ်ဆောဂျီကို မော့ကြည့်လိုက်သည်။

" အိုး.. ဂျီဂျီကအကျင့်ပါနေလို့ပါ
ခေါ်နေကြမလို့ မောင့်ကို တခြားနာမ်စား
တစ်ခါမှမခေါ်ဖူးတော့ နှုတ်ကျိုးနေပြီ
ဂျီဂျီအဲလိုပဲဆက်ခေါ်မယ်နော် "

ဆော့ဂျင်ပြန်မဖြေလိုက်။
သူ့လုပ်လက်စအလုပ်ကိုသာ
အပြီးသတ်ဖို့ကြိုးစားနေသည်။
သူဒီမနက်ဆေးရုံလာတော့
သူ့အတွက် လူနာအသစ်လက်ခံထားရသည်။
ထိုသူက ယယ်ဆောဂျီဖြစ်နေသည်။
သူမက တမင်လား သဘောရိုးနဲ့လား
‌မပြောတတ်။ သူ့ကိုတာဝန်ကျဆရာဝန်အဖြစ်
ရွေးချယ်ထားသည်။

" ဂျီဂျီကသာ မောင်လို့သာခေါ်နေရတာ
မောင်ကစိတ်ဆိုးမပြေသေးပါဘူး ဟီး
ဒေါက်တာ့ကိုပြောလို့ရတယ်မလား
ဒါနဲ့ ဒေါက်တာနဲ့မောင် ဘယ်လိုလက်ထပ်ဖို့
ဖြစ်သွားတာလဲ မောင်က ဂျီဂျီ့ကိုအရွဲ့တိုက်ချင်လို့
လက်ထပ်ပွဲကိုလက်ခံခဲ့တာ မောင်လူဆိုး..
တော်သေးတယ် မိန်းကလေးနဲ့မဟုတ်လို့
မိန်းကလေးသာဖြစ်နေရင် ဂျီဂျီလည်း
အခုလိုအခွင့်အရေးရှိမှာမဟုတ်ဘူး "

" ဒေါက်တာ ဒေါက်တာရော
မောင့်ကိုဘယ်လိုထင်လဲ "

" ဘာကိုမေးတာလဲ "

" လက်ထပ်ထားတာက ဒီအတိုင်း
ဒေါက်တာ့ဘက်ကလည်း မောင့်အဘိုးကြောင့်မလား
မောင်ကလည်း အဘိုးကိုမလွန်ဆန်နိုင်တာလည်း
ပါတာပေါ့ ဂျီဂျီ့ကိုရွဲ့ချင်စိတ်ကလည်း ခပ်များများ
အဲလိုဆိုတော့လေ စိတ်တော့မဆိုးပါနဲ့
မေးကြည့်တာပါ ဒေါက်တာ့ဘက်ကရော
မောင့်အပေါ်တခြားစိတ်ရှိနေလားလို့ "

ထိုမိန်းကလေးက လက်တွေကို လိမ်ကျစ်ထားပြီး
သူ့အဖြေကို စိတ်လှုပ်ရှားနေဟန်။ သရုပ်‌ဆောင်
မင်းသမီးဆိုတော့ ဟန်ဆောင်နေတာလား
အမေးပဲမတတ်သလား သူမစိတ်ထဲဘယ်လိုရှိနေလဲ
သူခန့်မှန်းမတတ်တော့ဘူး။ သူ့ယောကျာ်းရဲ့
ရည်းစားဟောင်းက သူ့ကို သူတို့လက်ရှိ
အိမ်ထောင်ရေးအခြေအနေကို မေးနေတယ်။

" ဘယ်လိုမှမထင်ပါနဲ့နော်
ဂျီဂျီအမေးမတတ်တာမဟုတ်ပါဘူး
ဘယ်လိုပြောရမလဲ ယောကျာ်းလေးနှစ်ယောက်ဆိုတော့
မောင်က မောင်ကအဖြောင့်လေ
ဒေါက်တာ့ကြည့်ရတာလည်း အဲလိုထင်လို့ပါ
မောင့်ကိုတော့သေချာသိတယ် မောင်က
ယောကျာ်းလေးချင်းတွေ စိတ်ဝင်စားတာ
မဟုတ်ဘူး.. ဟီး ဒေါက်တာလည်းစိတ်ဝင်စားမယ်
မထင်ပါဘူး ဟုတ်တယ်မလား "

Falling in love with my husband [✓]Where stories live. Discover now