ep10

4.1K 454 54
                                    

ဆော့ဂျင် ရေချိုးခန်းပြန်ဝင်လိုက်ပြီး
တဘက်သားနုနုကို ရေစွတ်စေလိုက်သည်။
ရေစိုနေတဲ့တဘက်ကို ရေပြောင်စင်အောင်
ညစ်လိုက်ပြီး အခန်းထဲယူလာခဲ့သည်။
ဂျောင်ဂုက သူထားခဲ့သလို အိပ်ရာပေါ်တွင်
ငြိမ်ငြိမ်လေးရှိနေလေသည်။ သူစိတ်ထဲ
နူးညံ့ချိုမြိန်သွားရသည်။ အရင်တုန်းကလိုဆို
သူ့ကိုအရွဲ့တိုက်ပြီး သူပြောတာနဲ့ ဆန့်ကျင်ဘက်
ကိုသာ လုပ်တတ်သည်။ အခုတွင်တော့
အိပ်‌ရာပေါ်တွင် ငြိမ်ငြိမ်လေးရှိနေပြီး
သူ့ကိုသာ ခပ်အေးအေးစိုက်ကြည့်နေသည်။

သူအိပ်ရာပေါ်တက်ထိုင်လိုက်ပြီး
ရေစိုဝတ်ကို နှာခေါင်းနားတေ့လိုက်သည်။

" ရေကိုရှူလိုက် အသက်ပြင်းပြင်းရှူသလိုမျိုး "

ဂျောင်ဂုက သူ့စကားအတိုင်း သိပ်မလုပ်ဆောင်ဘူး။
သူ့လက်တွေကိုလည်း မဖယ်ထုတ်သလို
အသက်ကိုလည်း ပုံမှန်အတိုင်းသာ ရှူထုတ်နေသည်။
ဒါပေမဲ့ အခုလိုလည်း အဆင်ပြေနေတာမလို့
သူအတင်းကြီး လိုက်လုပ်ဖို့မပြောလိုက်တော့။

" ဒါကလည်းသက်သာတယ်
မင်းခဏခဏဖြစ်တယ်ဆိုရင်
ငါတို့စစ်ဆေးဖို့လိုတယ်
တခြားဘာလက္ခဏာ‌တွေပြသေးလဲ
ငါနောက်နေ့ကြရင် အသေးစိတ်ပြန်ကြည့်ထားလိုက်မယ်
တစ်ခုခုထူးခြားရင် ငါ့ကိုပြောနော် "

တစ်ခါတလေ သွေးလျှံတာမျိုးက
လူတိုင်းနီးပါးဖြစ်ဖူးကြလိမ့်မယ်။
နေပူထဲကပြန်လာတဲ့အခါမျိုး၊
အပြင်းအထန်အားကစား၊
လေ့ကျင့်ခန်းလုပ်ထားတဲ့အခါမျိုးဆို
နှာခေါင်းသွေးကျတာက ပုံမှန်ပင်
စိုးရိမ်စရာမရှိဘူး။ သိပ်ဖြစ်လေ့ဖြစ်စဉ်
မဟုတ်တဲ့ မှတ်တမ်းမျိုးလည်းရှိသည်။
ကိုယ်အရမ်းတောင့်တနေတဲ့အရာ
မျှော်လင့်နေတဲ့အချိန်ရလိုက်တာမျိုးဆို
စိတ်လှုပ်ရှားပြီး နှာခေါင်းသွေးလျှံလာတဲ့
ဖြစ်စဉ်မျိုးရှိခဲ့ဖူးသည်။ အခုဂျောင်ဂု
လက္ခဏာက..

အင့်!

သူ့ရဲ့အိပ်ရာပေါ်ထောက်ထားတဲ့လက်က
ကွေးညွှတ်သွားကာ သူ့ခန္ဓာကိုယ်က
ဂျောင်ဂုပေါ်ကဆောင့်ကျသွားပြီး
သူ့မျက်နှာက ဂျောင်ဂုမျက်နှာနဲ့အနီးဆုံးတွင်..
ဂျောင်ဂုက သူရဲ့အိပ်ရာတွင်ထောက်ထားတဲ့
လက်တွေကို ကွေးစေလိုက်တာဖြစ်သည်။

Falling in love with my husband [✓]Where stories live. Discover now