ep3

2.9K 460 60
                                    


" ဟေ့ရောင် မပြန်သေးဘူးလား
နေမကောင်းတာကို ပေတေနေတယ်
မပြန်သေးဘူးလား "

ဂျောင်ဂု သူငယ်ချင်းအိမ်ရောက်နေတာဖြစ်သည်။
အိမ်ကလူကို ရွဲ့ချင်လို့သာ ထွက်လာခဲ့တာ 
သူ့မှာ သွားစရာနေရာများများစားစားမရှိ။

" မပြန်ဘူး ဒီမှာအိပ်မှာ "

" ဟ ရမလားကွ မင်းကွာ
အိမ်မှာယောကျာ်းရဲ့အပြုအစုနဲ့
သက်သောင့်သက်သာနေရမှာကို မင်းမှ "

" ချီး သက်သောင့်သက်သာလား
သူ့ကိုငါ့အသားကို အထိမခံတာ
မင်းလာနားမငြီးနဲ့ကွာ သွားစရာရှိတာသွား
ငါအိပ်ချင်တယ် လာမနှောင့်ယှက်နဲ့ "

" ဒါဆိုလည်း ကိုယ့်အိမ်ကိုယ်ပြန်အိပ်ပါလား
မင်းဟာက တစ်ခုခုဆိုမင်းချည်း အိမ်ပေါ်က
ဆင်းနေတာ မင်းအဲလောက် စိတ်ကောက်တတ်မယ်
မထင်ထားဘူး မင်းရည်းစားနဲ့တုန်းကတောင်
မကောက်ဘဲနဲ့ အခုမှ ဘာလဲ.. "

" ချီး စိတ်ကောက် သွားစမ်းပါ
ငါသူ့ကိုအမြင်ကတ်လို့ ရွဲ့ချင်တာပဲရှိတယ်
သူကငါဒီလိုနေတာတွေ မကြိုက်ဘူးလေ ဟက် "

" မကြိုက်ဘူးသာဆိုတာ တစ်ခါမှလည်း
ဖုန်းဆက်မခေါ်ဘူးနော် တစ်မျိုးလေး "

ထိုစကားက သူ့အရှိုက်တည့်တည့်..
အလကား အဲလူက သူ့အပေါ် အပေါ်ယံ
ကောင်းပြနေတာ။ လူကိုဂရုစိုက်သလိုနဲ့
သူဝတ္တရားကျေပါတယ်ပေါ့။ သူကလည်း
သူ့ဂရုစိုက်ခံချင်နေအုံးမယ်။

" သူအဲလောက်လုပ်ပိုင်ခွင့်မရှိလို့လေ
ဆက်ရဲဆက်ကြည့် သူဖုန်းဆက်ခေါ်လည်း
ငါကနာခံစရာလား ဒါတွေသူလည်းသိလို့
မဆက်ရဲတာလေ "

သူ့ဘော်ဒါတွေက သူအိမ်ထောင်ရေးအကြောင်း
အတွင်းသိတွေ။ သူကလည်း ကင်မ်ဆော့ဂျင်
အချိုးမပြေတာတွေကို ပြန်ပြန်ဖောက်သည်
ချတတ်သည်။ သူ့သူငယ်ချင်းတွေက
အရမ်းကောင်းပါသည်။ အမြဲ မင်းလွန်နေတာ
မင်းကချည်းပြဿနာလုပ်နေတာ‌ပဲ
ဖိပြောကြသည်။ အမှန်လည်း သူက
အဲလိုပဲမလို့ ပခုံးပင့်ပြီးသာနေလိုက်သည်။
ဒါတောင် အကြောတင်းချက်က ခုနစ်လရှိသွားပြီ။
သူပြဿနာဘယ်လောက်ရှာရှာ ကွာရှင်းဖို့
တစ်ခွန်းမဟတဲ့သူက မနေ့ကတော့
ဘာကြောင့်ရယ်မသိ ထုတ်ပြောလာသည်။
သူကလည်း သူ့စိတ်ကြိုက်ဆို
မဖြစ်‌ချင်တာမလို့ လုပ်ဖို့စိတ်ကူးမရှိ။
ရှေ့ဆက်လည်း စောင့်ကြည့်ပါအုံး
ခင်ဗျားစိတ်ကုန်စရာတွေ
ဆက်လုပ်ဖို့ရှိသေးတာမလို့ ဟက်။

Falling in love with my husband [✓]Where stories live. Discover now