ep15

4.4K 463 67
                                    

တင်းန်တောင် တင်းန်တောင်

" ဂျောင်ဂု ထွက်ကြည့်လိုက်အုံး
ငါပစ္စည်းမှာထားတာ ရောက်သလားမသိဘူး "

သူမီးဖိုချောင်ထဲတွင်
မနက်စာအတွက် ချက်ပြုတ်နေရင်း အိမ်ရှေ့ကဘဲလ်သံကြားရတာကြောင့်
လက်မအားတာနဲ့ ဂျောင်ဂုကိုခိုင်းလိုက်သည်။
ဂျောင်ဂုက ဂိမ်းဆော့နေပုံရတယ်။
သူခိုင်းတော့ စူပုတ်ပြီး ထသွားသည်။
ဂျောင်ဂုကအဲလိုပဲ
မလုပ်ပေးချင်တာလည်းမဟုတ်ဘဲနဲ့
မျက်နှာထားကို တမင်စူပုတ်ထားတာ။
သူက သူ့မျက်နှာထားကြောင့်
မခိုင်းတော့ဘူးဆိုရင် ပိုလို့တောင်
စိတ်ကောက်တတ်သေးသည်။
အခုလည်းသူက သူ့ကို ချက်ပြုတ်ဖို့
ကူညီမယ်ဆိုပြီး ဂိမ်းထိုင်ဆော့နေတာ
ပြီးရင် သူ့ကိုဘာမှမခိုင်းလို့‌ဆိုပြီး ပြောပြန်အုံးမှာ။

အခုဆို သူတို့က တစ်ယောက်နဲ့တစ်ယောက်
ပွင့်လင်းကြပြီး အရမ်းချစ်ကြတဲ့
အိမ်ထောင်သည်တွေလို ဖြစ်နေပြီ။

ဒီနေ့က အားလပ်ရက်ဖြစ်တာကြောင့်
အဒေါ်ကြီးတွေကို ခွင့်ရက်ရှည်ပေးထားသည်။
သူတို့လည်း  ရှားပါးအနားယူရတဲ့ရက်လေးဖြစ်တာကြောင့်
မနက်က နှစ်ယောက်သား အိပ်ရာကတော်တော်နှင့်
မထဖြစ်ကြ။ အဲဒါကြောင့် နိုးလာတော့
မနက်စာနဲ့နေ့လယ်စာပါ ပေါင်းချက်နေရပြီ။

မနက်စာတော့အဆင်သင့်ဖြစ်နေပြီမလို့
သူဟင်းအိုးကို ခဏပိတ်ထားခဲ့ပြီး
အပြင်ထွက်လာခဲ့သည်။

" ဂျောင်ဂု ဘာရောက်တာလဲ "

ဂျောင်ဂုက လက်ထဲကစာရွက်တစ်ရွက်ကို
မြှောက်ပြသည်။ မျက်နှာကလည်း အနည်းငယ်
မှိုင်းနေတာကြောင့် သူဂျောင်ဂုနားရောက်သွားပြီး 
အနားတွင်ဝင်ထိုင်လိုက်သည်။ သူဝင်ထိုင်တော့
ဂျောင်ဂုက သူ့ကိုလက်ထဲကစာရွက်လေး
ထိုးပေးသည်။ သူအနည်းငယ်စိတ်လှုပ်ရှားစွာ
စာရွက်ကိုဖြန့်လိုက်သည်။

" မောင်.. မောင်လို့ပဲခေါ်ပါရစေ
ဒီတစ်ခါပဲ နောက်ဆုံးအနေနဲ့ခေါ်ချင်လို့
မောင့်ကိုပြောခဲ့တဲ့အတိုင်း မောင်သာ
တစ်ယောက်ယောက်ကိုမချစ်မိသေးသ၍
ဂျီဂျီနောက်မဆုတ်ဘူးဆိုတာလေ
အခုအဲစကား တည်ရတော့မယ်ထင်တယ်
မောင့်ကိုထပ်ပြီးမတွယ်ကပ်တော့ပါဘူး
ဒါ မောင့်ကိုမချစ်တော့လို့တော့မဟုတ်ဘူး
မေ့အောင်ကြိုးစားတော့မှာပါ။ တကယ်ဆိုရင်
ဂျီဂျီအများကြီး မျက်နှာပြောင်တွေတိုက်ခဲ့မိတယ်
အားလုံးက မောင်ဂျီဂျီ့ကိုချစ်နေသေးတယ်ဆိုတဲ့
အကြောင်းပြချက်တွေနဲ့လေ ကိုယ့်ကိုယ်ကိုယ်
အထင်ကြီးနေမိတယ်။ မောင် မောင်မမှားဘူး
မောင်တစ်ယောက်ယောက်ကိုချစ်မိသွားတာ
မောင်မမှားဘူး။ မောင့်ကိုလမ်းခွဲဖို့ရွေးချယ်ခဲ့တဲ့
ဂျီဂျီကမှားတာ မောင့်ကိုထားခဲ့ဖို့ဆုံးဖြတ်ချက်က
ဂျီဂျီ့ဘဝမှာ အမိုက်ရူးဆုံး ဆုံးဖြတ်ချက်ပဲ
အခုတော့ အဲဒါကို အမှားလို့မတွေးတော့ဘဲ
ရှေ့ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ။
ဂျီဂျီက ကိုယ့်ရွေးချယ်မှုကို ဘယ်တော့မှ
နောင်တမရတတ်တာ သိတယ်မလား
နောင်တမရအောင် ကြိုးစားပြီး
ကိုယ့်လမ်းကိုယ်လျှောက်တော့မယ် မောင်လည်းမောင့်အိမ်ထောင်ဖက်နဲ့
အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အနှောင့်အယှက်တွေပေးခဲ့မိတဲ့အတွက်
တောင်းပန်ပါတယ် အချိန်တစ်ခုထိ
ဂျီဂျီ့ကိုချစ်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ် ဂျီဂျီ့အတွက်အားအင်တွေဖြစ်ပေးခဲ့လို့လည်း
ကျေးဇူးတင်ပါတယ် အရာအားလုံးအတွက်
ဂျီဂျီကျေးဇူးတင်ပါတယ်။
ဒါဂျီဂျီတို့ရဲ့ နောက်ဆုံးဆက်သွယ်မှုဖြစ်လိမ့်မယ်
မတော်တဆ ဆုံဖြစ်ခဲ့ရင်လည်း တစ်ချိန်က
သိကျွမ်းခဲ့ဖူးတဲ့မိတ်ဆွေတစ်ယောက်လို
မောင့်ကိုနှုတ်ဆက်နိုင်အောင် ကြိုးစားပါ့မယ်။
တစ်ချိန်က မောင့်ရဲ့.. "

Falling in love with my husband [✓]Where stories live. Discover now