ep9

3.3K 468 65
                                    


သူတို့ကန်တင်းမှာရန်ဖြစ်တယ်ဆိုတဲ့
သတင်းက ဆေးရုံတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။
အတင်းအဖျင်းတွေကလည်း ပိုတိုးလို့
သူတို့နှစ်ယောက်ဆက်ဆံရေးက လူတွေ
ပါးစပ်ဖျားမှာတော့ မနက်ဖြန်ပဲကွာရှင်း
ကြတော့မည်လို။ အွန်လိုင်းပေါ်တွင်လည်း
ဂျောင်ဂုနဲ့ယယ်ဆောဂျီတို့ သတင်းတွေကလည်း
သို့လော သို့လော ဖြစ်နေသည်။ အရင်က
နှစ်ယောက်သားပုံတွေ ပြန်ခေတ်စားနေပြီး
ပြန်တွဲနေကြပြီလား‌ဆိုတဲ့ မှတ်ချက်တွေ
ထောင်ချီလို့။ အရင်ကတည်းနဲ့ တရားဝင်
တွဲလာတာဆိုတော့ နှစ်ယောက်သားပုံတွေ
အများအပြားပင်ရှိသည်။

အရင်တုန်းကအကြောင်းတွေတွေးမိရင်
သူ့စိတ်ထဲခနိုးခနှဲ့နဲ့။ ဂျောင်ဂုသူ့ကို
လက်ထပ်ပွဲကိုငြင်းပေးဖို့လာပြောတဲ့
အခိုက်အတန့်က မနေ့တနေ့ကလိုပင်။
အဲတုန်းက အသည်းအသန်ဖြစ်ခဲ့တဲ့သူက
သူနဲ့ပဲရှေ့ဆက်ချင်တယ်ပြောလာတဲ့အခါ
သူ့စိတ်ထဲရှုပ်ထွေးသွားရတာအမှန်ပင်။
သူနဲ့လက်ထပ်ပြီးကတည်းက ဂျောင်ဂုမှာ
တခြားဇာတ်လမ်းမရှ်ိဘူးလို့ ဖွင့်ဟလာတုန်းက
သူတွေးမိတာက ထိုမိန်းကလေးအပေါ်မှာ
သစ္စာရှိချင်လို့ပဲလားဟုပင်။ အဲဒီနေ့က
ဂျောင်ဂုအပြုအမူတွေက သူ့အပေါ်
တော်တော်လေး ဇဝေဇဝါဖြစ်စေခဲ့သည်။

ဂျောင်ဂုနဲ့ယယ်ဆောဂျီကြားမှာ
ဘာတွေဖြစ်ခဲ့လည်း သူအတိအကျမသိ။
အတင်းအဖျင်းတွေအရတော့
ယယ်ဆောဂျီကအရင် ဂျောင်ဂုကို
တွန်းထုတ်ခဲ့သည်ဟု ပြောနေကြသည်။
ဒါကြောင့်ပဲ ဂျောင်ဂုက သူထပ်ပြီး
အထားခဲ့မခံချင်တော့လို့ သူကအရင်
ရွေးချယ်မှုလုပ်ခဲ့တယ်ထင်ပါရဲ့။
ဒါကြောင့် သူ့ကိုသဘောကျလားဆိုပြီး
ဆက်တိုက်မေးနေခဲ့တာ။ ဟုတ်တာပေါ့
သူတို့အကြာကြီးလက်တွဲဖို့ဆို
တစ်ယောက်နဲ့တစ်ယောက် သဘောကျနေမှ
ရမှာပေါ့။

ဂျောင်ဂုက အတိတ်ကအကြောင်း
အရာတွေကို လုံးဝစွန့်လွှတ်လိုက်ပြီး
သူနဲ့ပဲရှေ့ဆက်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်ထင်တယ်။
အဲဒီနောက်ပိုင်း သူတို့နှစ်ယောက်ဆက်ဆံရေးက
တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့်
ဂျောင်ဂုက သူ့ကိုအရွဲ့တိုက်တာမျိုးတွေ
မရှိတော့။ တစ်ခါတလေစိတ်မရှည်တာမျိုးကလွဲရင်
ရန်စကားတွေမပြောတော့။ ဒီ‌အခြေအနေတွေကို 
သူအရမ်းမျှော်လင့်ခဲ့တာ။ ဂျောင်ဂုနဲ့
သင့်သင့်မြတ်မြတ်နေရဖို့ကို သူမျှော်လင့်နေခဲ့တာ။
ဂျောင်ဂုသူ့ကိုပြန်သဘောမကျဘူးဆိုရင်တောင်
ဒီအခြေအနေကို သူကျေနပ်နေပါပြီ။

Falling in love with my husband [✓]Where stories live. Discover now