ep2

3.3K 493 70
                                    

သူဆေးကျောင်းကို အထောက်အပံ့တစ်ခုနဲ့
ဝင်ရောက်ခဲ့ရသည်။ ဆေးကျောင်းတက်ပြီး
ဆရာဝန်ဖြစ်ဖို့ ရည်မှန်းချက်ရှိပေမဲ့
ငွေကြေးမတတ်နိုင်လို့ လက်လျှော့ဖို့
ဆုံးဖြတ်ခဲ့တယ်။
ဒါပေမဲ့ ကျောင်းရဲ့အဆက်အသွယ်နဲ့
သူ့အတွက်အထောက်အပံ့တစ်ခု ရခဲ့သည်။
ထိပ်တန်းဆေးရုံတစ်ခုက သူ့အတွက်
ဆေးကျောင်းတက်နေတဲ့တစ်လျှောက်လုံး
တာဝန်ယူပေးမည်ဆိုပြီး။ နှစ်စဉ်နှစ်တိုင်း
ထူးချွန်တဲ့ဆရာဝန်များစွာ မွေးထုတ်ပေးနေတဲ့
ဆေးရုံကြီးတစ်ခုက သူ့အတွက် တာဝန်ယူ
ပေးမည်ဆိုတဲ့အခါ သူ့ရည်မှန်းချက်တွေ
တစ်ဖန်ပြန်လည်ရှင်သန်လာခဲ့သည်။
သူကျောင်းပြီးတော့ ထိုဆေးရုံတွင်သာ
ဆင်းပြီး အခုဆိုရင် ခွဲစိတ်ဆရာဝန်
တစ်ယောက်ဖြစ်လာခဲ့ပြီ။

ဂျွန်အုပ်စုပိုင်တဲ့ ဆေးရုံကြီးတွင်
သူဆရာဝန်တစ်ယောက်ဖြစ်လာခဲ့သည်။
သူ့ရည်ရွယ်ချက်က ဆရာဝန်တစ်ယောက်
ဖြစ်ဖို့ပါပဲ။ သူတောင်မတွေးခဲ့ဖူးတဲ့
ကောင်လေးတစ်ယောက်နဲ့ လက်ထပ်ဖို့ထိတော့
သူမတွေးဖူးတာအမှန်ပင်။ အဲဒီတုန်းက
သူဂျောင်ဂုနဲ့ အများကြီးမဆုံခဲ့ဘူး။
ဂျောင်ဂုက ဆေးရုံလာတာရှားသည်။
သူက ဆေးရုံကအလုပ်တွေကို
စိတ်မဝင်စားဘူး။ လူငယ်ပီပီ
စာရွက်စာတမ်းကြားမှာ မထိုင်ချင်သေးတာ
ဖြစ်သင့်ပါတယ်။ အချိန်တန်ရင် သူပဲ
လက်လွဲယူရမှာကို သူနဲ့လက်ထပ်လိုက်ရတဲ့အခါ
ပိုလို့ဆိုးပြီး ခါးခါးသီးသီးဖြစ်သွားတော့သည်။

" အစ်ကိုလေးဂျင် "

" အစ်ကိုလေးဂျင် "

" အစ်ကိုလေးဂျင်! "

" ဟမ် "

" ဘာပြောတာလဲ "

" လျှံနေပြီမလို့ပါ အစ်ကိုလေးစိတ်မပါရင်
ကျွန်မလုပ်လိုက်ပါ့မယ် အစ်ကိုလေးအနားယူပါအုံး "

" ကျွန်တော်အတွေးလွန်သွားတယ်
ရတယ် ကျွန်တော်ပဲလုပ်လိုက်မယ် "

" ဟုတ်ကဲ့ "

သူအတွေးလွန်ပြီး ခေါ်မကြားအော်မကြားတွေ
ဖြစ်ကာ ကော်ဖီတွေလည်းလျှံလို့။ မနေ့က
တစ်ညလုံးလည်း ကောင်းကောင်းအိပ်မပျော်။
သူတို့မကြာခဏဆိုသလို စကားများတတ်ကြပေမဲ့
သူကအမြဲ ဘာကစမှားသလဲ ‌အတွေးများနေတာနဲ့
ဘယ်တော့မှ အိပ်လို့မရတော့။ မနေ့က‌ဆို
အရင်ကလောက်မ‌ဆိုးဘဲ သူကွာရှင်းမယ်အထိ
ပြောထွက်သွားသည်။ အရင်ကဆို ဂျောင်ဂု
ဒီထက်ဆိုးတာတွေတောင် အများကြီး
လုပ်ခဲ့သည်။ အဲတုန်းက သူဘယ်လိုများ
သည်းခံခဲ့သလဲ။ အမှန်တော့ သူ့ဘက်က
ဂျောင်ဂုဘဝတစ်ခုလုံးကို ယူခဲ့မိလို့
တတ်နိုင်သလောက် ဂျောင်ဂုဘာလုပ်လုပ်
အပြစ်မမြင်ခဲ့။ ဂျောင်ဂုဘက်က
သူ့ကို ကွာရှင်းလာအောင်လုပ်ခဲ့တဲ့
ကိစ္စတွေကိုလည်း သူမသိလိုက်ဘာသာ
နေခဲ့သည်။ ဒီနေ့ ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့မှ
သူကွာရှင်းဖို့ ပြောထွက်မိသွားသည်။
ဂျောင်ဂုသာ ကွာရှင်းဖို့လက်ခံလိုက်ရင်..

Falling in love with my husband [✓]Where stories live. Discover now