ep6

3.3K 494 68
                                    

" သက်သာ‌နေပြီဆိုပြီး ဘာလို့လိုက်လာတာလဲ "

" ဟမ် "

ကားအပြင်ဘက်သို့ ငေးကြည့်နေလျက်ကြားက
ထိုသူက မသဲမကွဲသာ အသံပြုလာတော့
သူထပ်မပြောချင်တော့။ သူက စကားကို
နှစ်ခါပြောရတာ မကြိုက်ဘူးလေ။

" ဘာမှမဟုတ်ဘူး ဟွန်း
အကွက်တွေရိုးနေပြီ ကားပေါ်‌တင်ခေါ်လိုက်ရလို့
ဘာမှမဖြစ်ဘူး လမ်းကြုံလည်းဖြစ်နေလို့ "

‌ဂျောင်ဂုကင်မ်ဆော့ဂျင်ကို သူ့ကားနဲ့
လိုက်ခွင့်ပြုလိုက်တာက
တခြားဘာအကြောင်းမှမရှိဘူး။
ဒီအတိုင်း အဒေါ်ကြီးလည်းရှိနေတော့
သူ့ရှေ့ လူကောင်းပုံလည်းပေါက်သွားအောင်
မနက်ကကိစ္စ သူနည်းနည်းလွန်ထားတော့
ပြန်လျော်ပေးလိုက်တဲ့သဘောပဲ။ ပြီးတော့
တစ်နေရာတည်းအတူတူရောက်မှာဆိုတော့
တခြားထင်မှားစရာကိစ္စမရှိဘူးမလား။

" အင်း ကျေးဇူး "

ကင်မ်ဆော့ဂျင်က သူ့ကိုကျေးဇူးတင်ကြောင်း
ခပ်ဖွဖွပြောပြီး ပြန်လှည့်သွားသည်။
ဘာလဲ ဝတ္တရားကျေပြောနေတယ်
မကြိုက်ပါဘူး။

" ကျေးဇူးတင်စရာမလိုဘူး
ဒီအတိုင်းလမ်းကြုံလို့ပဲ "

" အင်း ချွေတာရာလည်းရောက်တာပေါ့ "

သူဂျောင်ဂုစကားကို တိုးတိုးလေး
ထောက်ခံလိုက်သည်။
သူဘာလို့ ဂျောင်ဂုကားနောက်ပါလာခဲ့မှန်း
မသိတော့ဘူး။ ဂျောင်ဂုက သူ့ကားနဲ့လိုက်ခဲ့ဖို့
ပြောတဲ့အခါ အဒေါ်ကြီးက ဝမ်းသာသွားပြီး
သူ့ကို‌ ကားပေါ်အတင်းလိုက်ပို့တယ်။ သူ့အိတ်ကို
အရင် ကားထဲထည့်လိုက်တော့ သူငြင်းခွင့်မရလိုက်ဘဲ
ကားပေါ်တက်လိုက်ရတော့သည်။ အဒါ်ကြီးက
သူ့ကိုစိတ်ပူလို့ ‌ကားမမောင်းစေချင်မှန်းသိတော့ သူဒီအတိုင်းသာ လိုက်ပါလိုက်တော့သည်။

ကားပေါ်တွင် စကားတစ်ခွန်းနှစ်ခွန်းသာ
ပြောခဲ့ကြပြီး တစ်လမ်းလုံးတိတ်တဆိတ်
ပါလာခဲ့သည်။ သူတို့ကားလေး ဆေးရုံကားပါကင်တွင်
အသာအယာထိုးရပ်သွားတော့ သူကားပေါ်က
ဆင်းလိုက်သည်။ ဂျောင်ဂုလည်းကားပေါ်က
ဆင်းလာတာမြင်တော့ သူစောင့်ရအုံးမလား
ခဏတွေးလိုက်ပြီး မစောင့်ဖို့သာ ဆုံးဖြတ်လိုက်သည်။
သူအရင်ထွက်လာခဲ့တော့ အထဲရောက်တာနဲ့
တစ်ယောက်တစ်နေရာစီ လမ်းခွဲပြီးသား
ဖြစ်သွားတော့သည်။

Falling in love with my husband [✓]Where stories live. Discover now