ep12

3.3K 491 73
                                    

" ယယ်ဆောဂျီ! "

" ဘာလို့လန့်သွားရတာလဲ
မောင်ဖုန်းမကိုင်လို့ ဒီအထိရောက်လာတာ
ဘာဖြစ်လို့လဲ မောင်ဘာလို့ဂျီဂျီ့ဖုန်းတွေကို
မကိုင်ရတာလဲ "

" ယယ်ဆောဂျီ မင်းနဲ့ငါက တွေ့လို့ကောင်းတဲ့
သူတွေမဟုတ်ဘူးနော် ငါမင်းဖုန်းတွေ မကိုင်ကတည်းက
မင်းကိုမတွေ့ချင်လို့ဆိုတာ သိလိုက်တော့လေ
ထွက်သွားအခုလည်း "

" မောင်မောင်းထုတ်လည်း ခဏပဲရမယ်
ဂျီဂျီကတော့ မောင့်အနားလိုက်တွယ်ကပ်နေအုံးမှာပဲ
မောင် အမြန်‌ဆုံးစိတ်ကောက်ပြေပါတော့နော်
မောင်နဲ့ အမြန်‌ဆုံးပြေလည်ချင်လှပြီ
မောင့်အနားမှာ အရင်လိုပြန်တွယ်ကပ်ချင်လှပြီ
ဂျီဂျီလေ မောင့်ကိုသိပ်လွမ်းတာပဲ
အရင်အချိန်တွေကိုလည်း အရမ်းသတိရတယ်
မောင့်ကိုသတိရတိုင်း မောင့်ဆီစာတွေပို့နေမိတယ်
မောင် ဂျီဂျီ့ကိုအမြန်ဆုံးခွင့်လွှတ်ပေးပါတော့ နော် "

ဒီတစ်ခါတွင်တော့ သူ့ခါးကိုဖယ်တွယ်လာတဲ့
လက်တွေကို တွေဝေခြင်းမရှိ ဖယ်ချလိုက်သည်။
သူ့စိတ်တွေလည်း အရင်တုန်းကလို ရှုပ်ထွေးမနေ။
ယယ်ဆောဂျီသူ့ကိုဖုန်းတွေခေါ် စာတွေဆက်တိုက်
ပို့နေပေမဲ့ သူအရင်ကလို ဒေါသမဖြစ်မိတော့။
သူလျစ်လျှူရှုနိုင်သွားပြီလို့ထင်မိသည်။

" ယယ်ဆောဂျီ ငါ့အကြောင်းမသိလို့လား
ငါမင်းကိုလိုအပ်နေသေးတယ်ထင်နေလား
ငါစိတ်ကောက်နေ‌တယ်လို့ ထင်နေတာလား
ငါမင်းကိုတစ်သက်လုံးချစ်သွားမယ်လို့
ထင်နေတာလား ငါ့မှာအခု ငါ့ဘဝနဲ့ငါ
အဆင်ပြေနေပြီ .. ဘာလို့သဘောမပေါက်ရတာလဲ
ငါမင်းကိုအခုထိတော့ မမုန်းသေးဘူး
ငါမုန်းလာအောင် ဆက်မလုပ်နဲ့
ငါမင်းဖုန်းမကိုင်တာ မင်းစာတွေမပြန်တာ
မင်းနဲ့တွေ့ဖို့မကြိုးစားခဲ့တာတွေက
မင်းကိုမလိုချင်တော့လို့ဘဲ ငါသာမင်းကို
လိုအပ်နေသေးရင် ဒီလိုမျိုးမဟုတ်ဘူး "

သူက သူ့ရည်းစားဟောင်းပြန်လာပြီဆိုတာထက်
သူ့ယောကျာ်းကို တခြားသူမျက်စိကျမှာ
စိုးရိမ်နေတဲ့သူ။ သူ့ရည်းစားဟောင်းက
သူဆီပြန်လာမှာထက် သူ့ယောကျာ်းက
သူ့ကိုသဘောကျပါတယ်ပြောတာကို
မက်မောတဲ့သူ။
သူ့‌ရည်းစားဟောင်းကသူ့ကိုပြန်လက်ခံဖို့
တောင်းပန်တာထက် သူ့ယောကျာ်းကကွာရှင်းဖို့
ပြောလာတာကို ပိုဒေါသထွက်တဲ့သူ။

Falling in love with my husband [✓]Where stories live. Discover now