ep14

3.4K 585 63
                                    

" ဂျောင်ဂု.. "

" ခင်ဗျား.. "

ဆော့ဂျင် သူတာဝန်ယူထားတဲ့လူနာဆီမှ
အရေးပေါ်ခလုတ်အချက်ပြလာတာကြောင့်
အမြန်ရောက်လာခဲ့ရသည်။ သူအခန်းနံပါတ်ကို
စစ်ဆေးခဲ့ပေမဲ့ လူနာကဘယ်သူလဲဆိုတာ
မတွေးမိလိုက်ဘူး။ အခန်းထဲရောက်မှ
ဂျောင်ဂုကိုမြင်လိုက်ရတော့ အံ့အားသင့်သွားမိသည်။ 
ပြီးမှ ဂျောင်ဂုလက်ထဲတွင် ဖြူဖျော့ဖျော့ဖြစ်နေတဲ့
ယယ်ဆောဂျီကိုမြင်သည်။ ဂျောင်ဂုကလည်း
သူဖြစ်နေလို့ အံ့ဩနေဟန်..

" ဘယ်လိုဖြစ်တာလဲဂျောင်ဂု..
အာ မဟုတ်ဘူး.. သူနာပြုဟွမ်
အရင်ဆုံးလူနာကို ခုတင်ပေါ်တင်လိုက်ပါ "

သူမမေးသင့်တာတွေမေးမိတော့မလို့
အမြန်ပင်အရေးကြီးတာကို အရင်လုပ်ဆောင်ဖို့
သူ့ကိုယ်သူသတိပေးလိုက်သည်။ ယယ်ဆောဂျီကို
ခုတင်ပေါ်တင်လိုက်ပြီး စစ်ဆေးမှုပြုလိုက်သည်။

" အရင်ဆုံး သွေးတိတ်အောင်အရင်လုပ်လိုက်
သူနာပြုဟွမ် "

" ယယ်ဆောဂျီရှီ ယယ်ဆောဂျီရှီ 
ကျွန်တော့်ကိုမြင်ရလား
ဘာတွေမြင်ရလဲပြောပြပါလား "

ယယ်ဆောဂျီက သူ့အမေးကို
ခေါင်းညိတ်ပြလာသည်။
လူနာက သတိတော့မေ့မသွားလိုက်။
လက်ကောက်ဝတ်ကသာ သွေးတစိမ့်စိမ့်
ယိုစိမ့်နေသည်။ သူနာပြုဆရာမတွေက
သွေးတိတ်အောင်လုပ်နေပြီမလို့
စိုးရိမ်စရာအခြေအနေတော့မရှိတော့။
ဘယ်လိုဖြစ်တာလဲမေးဖို့
ဂျောင်ဂုကိုလှည့်ကြည့်တော့
ဂျောင်ဂုကအနားတွင်မရှိတော့။

တောက်..

တိတ်ဆိတ်နေတဲ့အခန်းတွင်း တောက်ဆိုတဲ့
မီးခြစ်ခြစ်သံလို ပြတ်ပြတ်သားသားထွက်လာတော့
သူအပါအဝင် သူနာပြုဆရာမတွေပါ
အသံကြားရာ လှည့်ကြည့်လိုက်ကြသည်။
ဂျောင်ဂုက ပြတင်းပေါက်နားတွင်
ဆေးလိပ်တစ်လိပ်ကို မီးညှိနေသည်။
သူလည်းပြတ်သားစွာထွက်ပေါ်လာတဲ့
အသံကြောင့်ထင်တယ် ဆေးလိပ်မီးညှိရင်း
သူတို့ရှိရာကို မျက်လုံးလှန်ကြည့်နေသည်။

" ဆေးလိပ်မသောက်နဲ့ဂျောင်ဂု "

ဆေးရုံတွင်း ဆေးလိပ်သောက်ဖို့
ခွင့်မပြုထားတဲ့အပြင် လူနာဆောင်မှာမလို့
သူဂျောင်ဂုကို ပြတ်ပြတ်သားသားပြောလိုက်သည်။
သူပြောတော့ ဂျောင်ဂုက ပါးစပ်ထဲရောက်နေပြီဖြစ်တဲ့
ဆေးလိပ်ကို သောက်ရနိုးနိုးလုပ်နေရင်းမှ
ပြန်ချကာ မီးသတ်လိုက်သည်။
ထိုအခါမှ သူပြန်လှည့်လိုက်ပြီး
လူနာမှတ်တမ်းရေးလိုက်သည်။

Falling in love with my husband [✓]Where stories live. Discover now