ep5

3K 472 78
                                    

" အဒေါ်ကြီး ခုနနေကျရင် ကျွန်တော့်အခန်းထဲ
လာခဲ့ပေးအုံး ကျွန်တော်မနေ့က ခါးထိထားလို့
ဆေးကပ်ဖို့မမီလို့ "

" လာခဲ့ပါ့မယ်အစ်ကိုလေးဂျင်
ဒဏ်ရာကများလား စိုးရိမ်ရလားအစ်ကိုလေး "

" အကြောမျက်သွားရုံပဲအဒေါ်ကြီး
စိတ်ပူစရာတော့မရှိဘူး ကိုယ့်ဟာကိုယ်
လိမ်းဖို့ မမီလို့ရယ် "

" လာခဲ့မယ်အစ်ကိုလေးဂျင် "

ဆော့ဂျင်မနက်စာပြင်ဖို့ကူပြီး
အဝတ်လဲဖို့ အခန်းထဲပြန်ဝင်လာခဲ့လိုက်သည်။
ရှစ်နာရီထိုးတော့မယ် ဂျောင်ဂုက အခုထိ
မ‌နိုးသေးဘူး။ ဒါပေမဲ့လည်း သူက
သွားချင်တဲ့အချိန်သွားနေတာကိုး။
သူ့တာဝန်ကတော့ အလုပ်သွားသွား
မသွားသွား ဂျောင်ဂုအတွက်
အဝတ်အစားထုတ်ပေးထားလိုက်သည်။
စားစားမစားစား မနက်စာလည်း
အဆင်သင့်ပင်။

သူ့အတွက်အဝတ်အစားထုတ်ရင်း
ဂျောင်ဂုအတွက်ပါ ထုတ်ပေးလိုက်ပြီး
သူကတော့ မှန်ရှေ့ပြန်ထိုင်လိုက်သည်။
သူ့ရဲ့ညအိပ်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး
သူ့နောက်ကျောကိုမမြင်ရပေမဲ့
လှည့်ကြည့်လိုက်သေးသည်။
သူဆေးလိမ်းဖို့အတွက် အဒေါ်ကြီးကို
စောင့်နေရင်း မျက်နှာကို အနည်းငယ်
ဖီးလိမ်းလိုက်သည်။ သူက အသားအရည်
ကောင်းပြီးသားမလို့ ထွေထွေထူးထူး
ခြယ်သစရာတော့မလို။

" ခင်ဗျားလုပ်နေပြန်ပြီလား!!! "

" ... "

အနောက်ကနေ အလန့်တကြားဆိုရင်း
ဝုန်းဒိုင်းကြဲရောက်လာတဲ့ ခြေလှမ်းတွေကြောင့်
သူအသံတိတ် လှည့်ကြည့်လိုက်သည်။
ဂျောင်ဂုက အိပ်ရာထဲက အလျင်စလို
ဆင်းလာပုံရသည်။ သူ့ခြေထောက်နဲ့
ညှိလာပုံပေါ်တဲ့စောင်က ကြမ်းပြင်ပေါ်
တန်းလန်းကျနေသည်။ သူဂျောင်ဂုကို
မော့ကြည့်လိုက်တော့ ဂျောင်ဂုက အခုမှ
နိုးပုံပေါ်ပြီး သူ့ကိုလည်း ဒေါသထွက်နေဟန်
ကြည့်နေသည်။

" အိပ်မက်မက်လို့လား "

ကြည့်ရတာ အရမ်းကြောက်စရာကောင်းတဲ့
အိပ်မက်မက်နေတာမျိုး ဖြစ်လိမ့်မယ်။
ပြီးတော့ ဂျောင်ဂုကအိပ်မက်လည်း
ယောင်တတ်သည်။ တစ်ခါတလေ
ယောင်ပြီး သူ့ကိုယ်ပေါ်ခွတက်တာမျိုး
ဖက်နမ်းတာမျိုး လည်ပင်းကြားကို
တရှုပ်ရှုပ်အနံ့ခံတာမျိုး မကြာခဏဖြစ်ဖူးသည်။
ထိုသို့ဖြစ်နေတာမျိုးကို ဂျောင်ဂုကမကြိုက်။
ယောင်တာမျိုးမဖြစ်ရအောင် ဆရာဝန်နဲ့
ဆွေးနွေးရအောင်ဆိုလည်း မဟုတ်ပြန်။
သူယောင်ပြီး သူ့ကိုဖက်ထားတာမျိုးကို
မနက်ရောက်တော့သိလိုက်ပြီဆိုရင်
ပြဿနာရှာတတ်သည်။
သူ့စိတ်က ဘာလေးနေနေ အစရှာပြီး
ပြဿနာရှာတတ်သေးသည်။

Falling in love with my husband [✓]Where stories live. Discover now