Chapter 1

4.3K 195 8
                                    

"နင့်ရဲ့မွေးရပ်မြေနယ်မြို့လေးကိုပြန်ပြီး စတိုးဆိုင်လေးဖွင့်မယ့်အကြောင်းမပြောချင်ဘူးလား။ ငါထင်တာတော့ ဒါကကောင်းတယ့်အကြံပဲ" Solar က ဝိုင်ခွက်ကို Lisa ဆီပေးရင်း မေးလိုက်တယ်။

"ကျေးဇူး" Lisa ကလှမ်းယူပြီးကျေးဇူးတင်စကားပြန်ပြောလိုက်တယ်။ "ဒါတွေက Bam Bam ရဲ့စိတ်ကူးနဲ့ လုပ်ဖြစ်တာ။ ဒါပေမယ့် ဒီစိတ်ကူးကငါတို့နှစ်ယောက်သွားလိုက်ပြန်လိုက်နဲ့ အမေ့ကိုပြန်ပြီးကြည့်နေရတဲ့ပြဿနာကို ဖြေရှင်းပြီးသားတော့ ဖြစ်သွားတယ်။ ပြီးတော့လဲ ငါတို့မြို့မှာဆိုင်ဖွင့်လိုက်တော့ အမေ့ကိုလဲ အရင်ကထက်ပိုပြီး ကရုစိုက်လို့ရသွားတာပေါ့"

"အဲ့ဒီတော့ နင့်အမေကိုမြို့ခေါ်ပြီး ပြည့်စုံအောင်ထားမယ်ဆိုတဲ့ မလုပ်ဖြစ်တော့ဘူးပေါ့" Moonbyul က Lisa တို့နားဝင်ထိုင်ပြီးမေးလိုက်တယ်။

"ဒါက အရင်တုန်းကတွေးထားတဲ့စိတ်ကူးတော့မဟုတ်ဘူး။ ဒါပေမယ့် ငါတို့သာနယ်မြို့လေးမှာ ဆိုင်ဖွင့်ခဲ့ရင် ငါတို့ပိုပြီး နီးကပ်လာကြမှာ။ ဒီမြို့ကိုအမေကလဲ လိုက်မနေချင်ဘူးလေ" Lisa ပြန်ပြောလိုက်တယ်။

"Bam Bam လဲအမေ့အိမ်ကိုရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ အမေ့ရဲ့ကင်ဆာရောဂါက သိပ်တော့မဆိုးသေးဘူး။ ဒါပေမယ့် အမေဒီလိုနေမကောင်းဖြစ်နေတာ ဒုတိယအကြိမ်ရှိနေပြီ။ အမေတစ်ဖြည်းဖြည်းနဲ့ အားနည်းလာတာ ငါသိတယ်။ အမေနောက်ထပ်အကြာကြီးတောင့်မခံနိုင်တော့မှာလဲ ငါသိနေတယ်" Lisa ကဝိုင်တစ်ငုံသောက်ပြီး ခွက်ကိုစားပွဲပေါ်တင်လိုက်တယ်။

"ဆိုင်ဖွင့်ဖို့ကိစ္စတွေမပြီးသေးတဲ့အချိန်ထိ ငါအမေနဲ့နေဖို့ဆုံးဖြတ်ထားတယ်။ ဒါကအမေအိမ်မှာ ငါတို့မရှိတဲ့အချိန်တွေမှာ ဘာတွေလုပ်နေမယ်ဆိုတာ ပိုပြီးသိခွင့်ရလာမှာ။ ပြီးတော့ အသက်ခုနှစ်ဆယ်ဆိုတာ မအိုသေးဘူးလို့ ငါ့ကိုငါပြောမိနေတုန်းပဲ"

Solar နဲ့ Moon ကဘာမှတ်ချက်မှပြန်မပေးတာကို တွေ့ရတယ်။ Lisa ရဲ့အကိုက ဒီတာဝန်တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လက်လွှဲယူခဲ့တာဖြစ်တယ်။ Lisa က ဒီအရာတွေကို တာဝန်မယူချင်လို့မဟုတ်ပဲ အမှန်တစ်ကယ်တော့ တစ်ခုတည်းသောအကြောက်တရားကနေ ထွက်ပြေးနေမိတာဖြစ်တယ်။ ဟုတ်တယ် Jennie နဲ့ပြန်တွေ့ရမှာဆိုတဲ့ အကြောက်တရားပဲ။

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now