ဖယောင်းတိုင် သုံးဆယ့်ရှစ်တိုင်ကို မှုတ်လိုက်တော့ တစ်တိုင်မငြိမ်းပဲကျန်နေခဲ့တာကြည့်ပြီး Jennie ရယ်လိုက်တယ်။ "အိုး ဒါကံမကောင်းတာပဲ" သူမပြောလိုက်တယ်။
Luca ကကျန်တဲ့တစ်တိုင်ကို သူ့မွေးနေ့အတိုင်းမှုတ်လိုက်ပြီး စပ်ဖြဲဖြဲလုပ်လိုက်တယ်။ "ချောကလက်ကိတ်ပဲလား" Chitthip ဖက်ကိုလှည့်ပြီး Jennie မျက်ခုံးပင့်မေးလိုက်တယ်။
"သိတယ် သိတယ် Luca အကြိုက်ပဲလေ။ ဒါပေမယ့် သမီးနဲ့ Lisa တို့ကလေးဘဝတုန်းက အန်တီဒီကိတ်ကို နှစ်တိုင်းနီးပါး လုပ်ပေးခဲ့ရတာပဲမလား"
Lisa အကြောင်းကြားလိုက်ရတော့ Jennie ပြုံးလိုက်မိတယ်။ ဒီနှစ်မွေးနေ့ကို Lisa သတိရတာပဲဖြစ်ဖြစ် အသိအမှတ် ပြုတာပဲဖြစ်ဖြစ် Jennie မျှော်လင့်မိပေမယ့် Lisa အကြောင်းမကြားရတာ ဒီတစ်ပတ်လုံးပဲလေ။ Chitthip ထင်တာက Lisa ဒီတစ်ပတ်တော့ ပြန်လာလောက်မယ်ထင်ထားခဲ့တာ။ ဒါပေမယ့် အရင်နှစ်တွေတုန်းကလိုပဲ စိတ်မကောင်းဖြစ်ရတဲ့ ခံစားချက်တွေပဲ ရလာခဲ့တယ်။ Jennie စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမယ့် Chitthip ရဲ့အားပေးတဲ့မျက်ဝန်းတွေနဲ့ လက်ကိုဖျစ်ညှစ်လိုက်တော့ ဒီခံစားချက်တွေကို မေ့ပစ်ဖို့ကြိုးစားလိုက်တယ်။
"သား ဒီအပိုင်းစားချင်တယ်" Luca ကစကားစလိုက်ပြီး သူ့အမေစိတ်ပြောင်းသွားအောင်လုပ်လိုက်တယ်။
Jennie က Chitthip ရဲ့လက်ကိုပြန်ဖျစ်ညှစ်လိုက်ပြီး ကိတ်ခွဲဖို့ဓားကိုယူလိုက်တယ်။ "ဒီမှာပါတော် ရပါပြီ" Jennie ပြောပြီး Luca ကိုအကြီးကြီးတစ်ခုပေးလိုက်တယ်။ ပြီးတော့ Jennie နဲ့ Chitthip တို့တစ်ယောက်တစ်ခုယူပြီး စားလိုက်တော့ အရင်တုန်းကလိုပဲ အရသာရှိနေတုန်းပဲ။
Luca ကကိတ်မုန့်ကို မြန်မြန်စားလိုက်ပြီး သူ့ laptop နဲ့ဆိုဖာပေါ်ထိုင်လိုက်တယ်။
"သားက ဒီ laptop နဲ့တောင်အတူအိပ်တာလို့ ကျွန်မထင်တာပဲ" Jennie တိုးတိုးလေးပြောလိုက်တယ်။
"သူ့ကြည့်ရတာ အရမ်းကိုစိတ်လှုပ်ရှားနေသလိုပဲ" Chitthip ကပြောလိုက်တယ်။
"အခုတက်နေတဲ့ တက္ကသိုလ်ထက်ကို အများကြီးစိတ်လှုပ်ရှားနေတာ"
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.