Bam လှမ်းပေးလိုက်တဲ့ safety ဉီးထုတ်အမာကို Lisa ဆောင်းလိုက်ပြီး သူတို့ရဲ့ပြီးတော့မယ့် စတိုးဆိုင်ထဲကို လိုက်ဝင်လာခဲ့တယ်။ အထဲရောက်တော့ တစ်ကယ့်ကြီး ကြီးတာကိုမြင်ရပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတယ်။
"အိုး ဂေါ့ အကို။ ညီမတို့ဒီဆိုင်ထဲကို ပြည့်အောင် ဘာတွေထားကြမလဲ"
Bam ရယ်လိုက်ပြီး Lisa ပုခုံးပေါ်လက်မောင်းတင်လိုက်တယ်။ "ဒါပဲလေ ညီမလေ။ ဒါညီမလေးလုပ်ခဲ့တဲ့အလုပ်ပဲ။ ဒါပေမယ့် ညီမလေးရဲ့ food court လုပ်မယ်ဆိုတဲ့ အတွေးကိုအကိုသဘောကျတယ်"
Lisa အထဲထိလျှောက်လိုက်ပြီး note book ကိုဖွင့်လိုက်ပြီး လုပ်ခဲ့တဲ့တစ်ခုချင်းစီကို ပြန်စမ်းစစ်လိုက်တယ်။ "ညီမလေး တော့ဒီပြတင်းတံခါးတွေအကုန်လုံးကို သဘောကျတယ်" Lisa ပြောလိုက်တယ်။ "ပိုပြီးတော့ လေဝင်လေထွက်ကောင်းတယ်လို့ ခံစားရတယ်"
"ညီမလေး တစ်ကယ်ပြောနေတာလား။ သူတို့ပြောတာတော့ ပြတင်းပေါက်တွေအစား မျက်နှာစာလိုပုံမျိုးလုပ်ပေး မယ်တဲ့"
"ဒါကပိုကောင်းပါတယ်။ ပြီးတော့ ညီမလေးတို့ဒီပြတင်းတွေဘေးမှာ indoor plant လေးတွေထားလို့လဲရတယ်လေ။ ပိုပြီးတော့ သဘာဝဆန်ဆန်လေးဖြစ်တာပေါ့" Bam ကို Lisa စောင်းကြည့်လိုက်တယ်။ "ကန်ထရိုက်သမားတွေကရော"
"အကုန်စီစဉ်ပြီးပြီ" Bam ပြောလိုက်တယ်။ "သူတို့က အကိုတို့အစီအစဉ်နဲ့ပုံကြမ်းကိုစောင့်နေကြတယ်။ အဲ့ဒီတော့ အကိုတို့အကုန်ပြီးမယ့်ခန့်မှန်းအချိန်တွေ လိုအပ်ချက်တွေအကုန်လုပ်ဖို့ပဲလိုတော့တာ"
"အကို့မှာ သုံးယောက်တောင်ရှိတယ်မလား"
"တစ်ကယ်တော့ လေးယောက်တောင်ရနေပြီ"
Lisa နောက်ဖက်ကိုဆက်လျှောက်ခဲ့လိုက်ပြီး ဒီနေရာမှာ အေးခဲအစားအစာတွေထားဖို့ ရေခဲသေတ္တာတွေထားမယ်ဆိုပြီး ခေါင်းထဲမှာစီစဉ်လိုက်တယ်။ ပြီးတော့နောက်ပြန်လှည့်လိုက်တယ်။ "ညီမလေးတော့ ဒီအရှေ့မှာ ထောင့်မှန်ပုံစံအတန်း လိုက်ထားချင်တယ်" သူမပြောလိုက်တယ်။ ပြီးတော့ လှည့်ပတ်ကြည့်လိုက်ပြန်တယ်။ "ဒါပေမယ့် အတန်းတွေကို ပြိုင်ထားရကောင်းမလား။ ညီမလေးပြောချင်တာက ဒီနေရာကြီးက အကြီးကြီးလေ။ ညီမလေးတို့ ပုံမှန်အတိုင်း အရင်စတိုးဆိုင်တွေလို အလယ်မှာထားလို့တော့ရတယ် ဒါပေမယ့် ဒီဘေးနေရာတွေ ဒါမှမဟုတ် နှစ်ဖက်လုံးကို ပြိုင်ထားရမလားလို့လေ" Lisa မျက်ခုံးပင့်ပြီး Bam ကိုကြည့်လိုက်တယ်။ "ပိုပြီး ထူးခြားသွားအောင်လုပ်မလား လို့လေ"
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.