"အဲ့ဒီတော့ ဘယ်လိုမြင်လဲ ညီမလေး"
မရှင်းရသေးတဲ့ကားပါကင်ဖက်ကို Bam သွားတော့ Lisa နောက်ကလိုက်သွားလိုက်တယ်။ မြို့လေးရဲ့စင်တာ တတိယထပ်မှာ Lisaတို့စတိုးဆိုင်လေးကိုဆောက်လက်စတွေ့ရတယ်။ Lisa တို့နယ်မြို့လေးက ဖြေးဖြေးချင်းစည်ကား လာပြီး အခုဆို Lisa တို့စတိုးဆိုင်လေးက အချက်အချာကျတဲ့စင်တာတစ်ခုမှာ ဖွင့်ဖို့ပြင်ဆင်ထားတာဖြစ်တယ်။
"ဘယ်လောက်ထိချဲ့ဖို့ တွေးထားလဲ အကို" Lisa မေးလိုက်တယ်။
"ဒီအနောက်ခြမ်းတစ်ခုလုံးက ဘယ်သူမှငှားမယ့်သူမရှိသေးဘူး။ ငါတို့ကြိုက်သလောက် ချဲ့လို့ရတယ်" Bam က Lisa ကိုစပ်ဖြဲဖြဲလုပ်ပြီးပြောလိုက်တယ်။ "ဒါကအကိုတို့ရဲ့စတိုးဆိုင်တွေထဲက အကြီးဆုံးတစ်ခုဖြစ်မှာပဲ။ အကိုတို့နောက်ထပ် ထပ်ချဲ့လို့ရတယ်" Lisa တို့ဝယ်ထားတဲ့အခြမ်းလိုမျိုး သုံးခုလောက်သာထပ်ဝယ်လိုက်ရင် တစ်ခြားစတိုးဆိုင်တွေထက် တော်တော်လေး ကြီးသွားမှာပဲ။
"ဒါက တော်တော်များတဲ့ရင်းနှီးမြှုပ်နှံမှုပဲ" Lisa ပြောလိုက်တယ်။ "တစ်ကယ်လို့သာ မတော်တဆ-"
"ဘာမတော်တဆမှမရှိဘူး။ အကိုတို့ မဖွင့်ခင်လေ့လာပြီးပြီ။ အမြဲတမ်းလဲလေ့လာခဲ့တာပဲ။ ပြီးတော့ ဒီဆိုင်သာ အောင်မြင်ခဲ့ရင် အကိုတို့အတွက်စံချိန်တစ်ခုဖြစ်လာမှာပဲ"
Bam ရဲ့ စီးပွားရေးအမြင်ကို Lisa အမြဲတမ်းယုံကြည်တယ်။ သူကအမြဲတမ်းလက်တွေ့ဆန်သလို လက်တွေ့လဲကျတယ်။ Lisa ကအကြီးအကျယ်မလုပ်ချင်သေးဘူးပြောတိုင်းမှာ Bam ကအမြဲတမ်းအားပေးလေ့ရှိတယ်။ ပြီးတော့ ဒါက သူတို့ဆိုင်တွေထဲမှာတော့ တစ်ကယ့်ကိုအကြီးဆုံးဆိုင်တစ်ခုပဲ။
"ပြီးတော့ ဘဏ်ကရော။ အရင်ဆိုင်တွေထက် ဘဏ်တိုးတွေအများကြီးဆပ်ရမှာနော်"
"အကို့မှာ ခွင့်ပြုချက်ရထားပြီးပြီ ညီမလေး"
Bam ကို Lisa ငေးကြည့်လိုက်ပြီး ဆောက်လက်စဆိုင်ခန်းကိုကြည့်လိုက်တယ်။ "အိုကေ။ အဲ့ဒါဆိုလဲလုပ်ကြတာပေါ့။ ညီမလေးတို့ရဲ့နောက်ထပ်သဘာဝစားသောက်ဆိုင်နဲ့ စတိုးဆိုင်ပေါ့"
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.