Chapter 3

875 122 13
                                    

"နင်ဆယ့်နှစ်နှစ်သမီးထဲက gay နေခဲ့တယ်ဆိုတာ နင်သိခဲ့လား"

Lisa ရယ်လိုက်တယ်။ "Gay ကဘာလဲဆိုတာတောင် ငါမသိခဲ့ဘူး။ ငါသိတာက ငါကောင်လေးတွေကို မကြိုက်ဘူးဆိုတာပဲ"

"နင်အဲ့ဒီကတည်းက Jennie ကို crush နေခဲ့တာပဲ"

Lisa ခေါင်းညိမ့်လိုက်တယ်။ "ငါသိခဲ့တယ်ဆိုတာ သေတော့မသေချာဘူးထင်တာပဲ။ ငါက Jennie ရဲ့ဖွက်ထားတဲ့ သူငယ်ချင်းတစ်ယောက်ပဲ။ ဒါက သူ့အမေသိရင် ရူးသွားမှာဆိုတာငါသိတယ်။ Jennie လဲကြိုးစားပြီး ငါတို့ကြားဝေးဝေးနေရင်း ဆက်ခင်နေရတယ်"

"Jennie နင့်ကိုမကြိုက်ဘူးမလား"

"အဲ့လိုလဲမဟုတ်ဘူး။ သူကအမြဲတမ်းငါ့အတွက် တွေဝေနေရတာ။ ဒါပေမယ့် Jennie မှာ social အဖွဲ့သူငယ်ချင်းတွေရှိသလို ငါနဲ့လဲသူငယ်ချင်းသူငယ်ချင်းသံယောစဉ်ရှိတယ်။ Jennie ကသူတို့နဲ့ အချိန်အများကြီးဖြုန်းပေးရတယ်။ တင်းနစ်ကွင်းကိုသွားရတယ်။ ရေကူးသင်ရတယ်။ မြင်းစီးသင်ရတယ်။ အကသင်ရတယ်။ ဒီလိုလုပ်ရတဲ့သူမရဲ့အလုပ်တွေထဲမှာ ငါမပါဘူး"

"ညနေစောင်းရင်တော့ Jennie နင့်ဆီကိုပြန်လာတယ်မလား" Solar ကပြုံးပြီးပြောလိုက်တယ်။ "သူ့အမေသိမှာ စိတ်ပူနေတယ်ဆိုတာလဲ ငါသေချာပေါက်သိနေတယ်"

"Jennie ကဘယ်တော့မှ သင်္ချာနဲ့ပတ်သက်ပြီးတိုးတက်မလာဘူး။ အဲ့ဒီတော့ ငါပဲသူ့ကိုသင်ပေးနေရတယ်။ ဒါပေမယ့် ဒါကလဲ သူ့အမေသိသွားလို့မဖြစ်ပြန်ဘူး။ ပထမဆုံး Mrs. Kim ငါတို့နှစ်ယောက်ကိုမိသွားတော့ ငါဆယ့်သုံးနှစ်သမီးပဲ"

-----------------------------------------

"Lisa! ဒါကိုငါနားမလည်ဘူး။ ဒါကဘာလို့ အဲ့လောက်ခက်ရတာလဲ"

"ပုစ္ဆာကမခက်ဘူး။ နင်ကပဲနားမလည်နေတာ။ နင်အထက်တန်းတောင် ရောက်တော့မှာ။ အဲ့ဒီကျရင် ဒီထက်ပိုခက်လာတော့မှာ"

Lisa တို့နှစ်ယောက်က Jennie ရဲ့စာကြည့်ခန်းမှာ တင်ပြင်ခွေပြီးထိုင်နေကြတာဖြစ်တယ်။ Jennie လှဲအိပ်လိုက်ပြီး လက်တစ်ဖက်ကိုမျက်လုံးပေါ် ဒရာမာဆန်ဆန်အုပ်လိုက်တယ်။

"အထက်တန်းတက်ရမှာ။ ငါသင်္ချာအခြေခံတောင်နားမလည်သေးဘူး။ နင်ကအထက်တန်းကို ပို့နေပြီပေါ့"

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now