အလုပ်တွေအကုန်ပြီးသွားလို့ Bam ကိုလက်လွှဲပေးပြီးတဲ့နောက်မှာတော့ နေ့လည်ရောက်သွားခဲ့တယ်။ နေ့လည်စာ ကတော့ ထုံးစံအတိုင်းသပ်သပ်လွတ်ပဲစားလိုက်ပြီး ညစာကို Jennie များတူတူစားချင်မလားလို့ Lisaတွေးလိုက်မိတယ်။ Jennie ကတော့ လာခေါ်ဖို့ပြောထားပေမယ့် အိမ်တွေကိုအတူတူသွားကြည့်ကြဖို့ Jennie ရဲ့ကားလေးနဲ့ သွားသင့်ပါ့ မလားဆိုပြီး မတွေးနိုင်ပဲဖြစ်နေတယ်။
Jennie ဆီကို ကားမောင်းသွားလိုက်တော့ တံခါးပေါက်ကနေထွက်လာတဲ့ သူမကိုတွေ့လိုက်ရတယ်။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံသွားတော့ Lisa မျက်နှာကမပြုံးပဲမနေနိုင်အောင်ဖြစ်သွားခဲ့တယ်။ ဒါက ဒီဆယ့်ငါးနှစ်အတွင်း Jennie ပုံမှန်လိုဝတ်စားထားတာကို ပြန်တွေ့လိုက်ရတာပဲဖြစ်တယ်။ သူမက ရိုးရိုးဘောင်းဘီကာကီရောင်လေးကိုဝတ်ထားပြီး အပေါ်က အင်္ကျီအပြာရောင်လေးနဲ့ ရိုးရိုးရှင်းရှင်းလေးလှပနေခဲ့တယ်။ အမြဲတမ်းလှပနေတာပါ။
"ငါ့ကားမယူခဲ့နဲ့ဆိုတာ သေချာလား" Jennie ကကားထဲမဝင်ခင်မေးလိုက်တယ်။
"ငါ့ကားကိုလိုက်စီးရမှာ ကြောက်လို့လား"
"ဘာလို့ကြောက်ရမှာလဲ။ နင်မောင်းတော့ပိုတောင်ကောင်းသေးတယ်။ ငါလဲ ပိုကြည့်လို့ရတာပေါ့" Jennie ကပြုံးတုံးတုံးနဲ့ပြောလိုက်တယ်။ Lisa ကမျက်ခုံးကျုံ့ပြီး Jennie ကိုကြည့်လိုက်တော့ Jennie မျက်လုံးလှန်လိုက်တယ်။ "အိမ်တွေကိုပြောတာဟဲ့"
"အိုး ငါသိတာပေါ့" Lisa ကစနောက်တဲ့အသံနဲ့ပြောလိုက်တယ်။ "ငါကဒီနေ့တော့ နင့်ရဲ့ကားမောင်းသမားပေါ့"
"အင်း။ အဲ့ဒီတော့ နင်ငါ့ကိုဘယ်အရင်ခေါ်သွားမှာလဲ"
"ဗီလာတွေဖက်အရင်သွားကြတာပေါ့။ အဲ့ဒီမှာတော်တော်ကောင်းတဲ့အိမ်တွေရှိတယ်။ တစ်ခုက တော်တော်လေး ငါ့အတွက်တော့ အဆင့်အတန်းမြင့်လွန်းတယ်။ ဒါပေမယ့် နင်ကြိုက်မှာပါ"
Jennie ရယ်လိုက်တယ်။ "အဆင့်တန်းမြင့်တယ် ဟုတ်လား"
"ခေတ်ဆန်တယ်လေ"
Jennie ပြုံးနေတာရပ်သွားခဲ့တယ်။ "အိမ်လို့ခံစားရတဲ့အရာမျိုးကို ငါလိုချင်တာ။ ငါ့မိဘတွေအိမ်...စံအိမ်တွေ.ဒါတွေက အိမ်လို့ခံစားရတာထက် ပြတိုက်တစ်ခုလိုခံစားရတယ်။ အခုငါနေတဲ့နေရာကလဲ Luca ရှိနေတုန်းလေးပဲ အိမ်လို့ခံစားရ တာ။ ဒီအချက်ကပျောက်ကွယ်သွားမှာမဟုတ်ဘူး"
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.