အခန်း ၇

1K 111 5
                                    

"အချိုပွဲက ဘယ်လိုလဲ" Moon ကမေးလိုက်တယ်။ "စားလို့ကောင်းရဲ့လား"

Lisa ကစားလက်စအချိုပွဲကိုဘေးတွန်းလိုက်ပြီး ဗိုက်ကိုပွတ်လိုက်တယ်။ "စားလို့ကောင်းတယ်။ ဒါပေမယ့် ငါဗိုက်ပြည့်သွားပြီ"

"ငါတို့နင့်ကို ခနတိုင်းတွေ့လို့မရတော့ဘူးပေါ့" Moon ကပြောလိုက်ပြီး စားပွဲပေါ်ကို ကော်ဖီခွက်တင်လိုက်တယ်။ "နင် ဘယ်အရွယ်တုန်းက Jennie ကိုချစ်သွားတာလဲ"

Lisa ပြုံးလိုက်တယ်။ "ငါဆယ်နှစ်သမီးတုန်းကလို့ ထင်တာပဲ"

"Jennie ကနင့်ကိုထိန်းချုပ်နေတယ်လို့ နင်မခံစားရဘူးလား" Solar ကမေးလိုက်တယ်။

"ဟင့်အင်း။ ငါ့ကိုယုံစမ်းပါ။ ငါကအရာအားလုံးမှာ သူ့အတွက်တွဲဖက်ကောင်းတစ်ယောက်ပဲ"

"Jennie ကထိန်းချုပ်ထားတာပဲ" Solar ပြောလိုက်တယ်။

"ငါသံသယမရှိပဲပြောရမယ်ဆိုရင် ငါတို့ဒီလိုနမ်းနေကြတာတွေ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာတွေ သူ့ရဲ့ဖွက်ထားတဲ့သူငယ်ချင်းတစ်ယောက်အဖြစ် ဆယ့်လေးနှစ်ကတည်းကနေခဲ့တာတွေကို ငါမကြောက်ဖူး Dr. Solar။ Jennie ငါ့ကိုထိန်းချုပ်နေတယ်လို့လဲ တစ်ခါမှမတွေးခဲ့ဘူး။ သူမလဲ ငါ့လိုပဲ စိတ်ခံစားချက်တွေအများကြီး ခံစားခဲ့ရတာပဲ။ ကွာခြားတာတစ်ခုက ငါကgay ဆိုပြီးလက်ခံနိုင်တာပဲ။ သူမကတော့ လက်ခံနိုင်မှာမဟုတ်ဘူး။ Jennie ရဲ့အလုပ်က Hanbin နဲ့ဒိတ်ရမယ် တစ်ချိန်ကျရင် သူနဲ့လက်ထပ်ရမယ်ဆိုတာပဲ"

"ပြီးတော့ နင်ကရော အဲ့ဒါကိုလက်ခံနိုင်တယ်ပေါ့"

Lisa ကော်ဖီခွက်ထဲကို သကြားနည်းနည်းထည့်လိုက်ပြီး အရင်တုန်းကအကြောင်းတွေကို တွေးလိုက်မိတယ်။ "အင်း။ ငါလက်ခံခဲ့တယ်။ Jennie နဲ့ပတ်သက်ပြီး ငါ့မှာဘာရွေးချယ်စရာမှမရှိဘူးလေ။ Jennie ရဲ့ဘဝတစ်ခုလုံးက သူ့အမေရဲ့စိတ်တိုင်းကျ ချမှတ်ထားတဲ့အတိုင်းဖြစ်နေရမှာပဲ။ အဲ့ဒါကြောင့် ငါနဲ့အတူနေရတဲ့အချိန်တိုင်းက Jennie အတွက် ပျော်စရာကောင်းတဲ့တန်ဖိုးရှိတဲ့အချိန်တွေလို Jennie သဘောထားတာနေမှာ"

"ဒါပေမယ့် နင်တို့အဲ့လောက်အများကြီးလဲ မတွေ့ဖြစ်ကြဘူးလေ။ ဟုတ်တယ်မလား" Moon ကမေးလိုက်တယ်။

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now