"သမီးနဲ့ Jennie ကိုအတူပြန်တွေ့ရတာ အရမ်းပျော်တာပဲ" အမေကပြောလိုက်ပြီး မီးဖိုခန်းကိုရှင်းလိုက်တယ်။
"အင်း အဲ့ဒီတော့"
"သမီးတို့အရင်လို ရင်းရင်းနှီးနှီးနေသင့်တယ်"
"အမေ ကျေးဇူးပြုပြီး မပြောပါနဲ့တော့" Lisa ပြောလိုက်တယ်။ "သမီးပြောပြီးပြီလေ။ ဒါကရှုပ်ထွေးပါတယ်လို့"
အမေကခေါင်းညိမ့်ပြလိုက်တယ်။ "အင်း။ ဘာလို့လဲဆိုတော့ Jennie ကလက်ထပ်ပြီးပြီမလို့မလား။ အမေသိတယ်"
Lisa လုပ်လက်စရပ်သွားခဲ့တယ်။ "အမေဘာပြောချင်တာလဲ"
"အိုး Lisa သမီးလေး။ အမေအဲ့လောက်မအဘူး"
Lisa မသိချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ "အမေဘာပြောနေတာလဲ သမီးမသိဘူး"
"သမီးငယ်ငယ်လေးကတည်းက Jennie ကိုချစ်နေတာ" အမေက တည်တည်ငြိမ်ငြိမ်ပြောလိုက်တယ်။
ဒီခနလေးမှာ Lisa ထိတ်လန့်သွားခဲ့ရတယ်။ ဒီလောက်နှစ်တွေအကြာကြီးနေပြီးတော့မှ အမေနဲ့စကားပြောဖြစ်ကြတာ ပေါ့လေ။ အိုးဂေါ့ Lisa အခုဆို သုံးဆယ့်ရှစ်နှစ်ရှိပြီလေ။ အခုမှတော့ လိုအပ်သေးလို့လား။ အင်း ဒီစကားပြောတာကို Lisa မလိုချင်တော့ဘူး။ Lisa နောက်လှည့်လိုက်ပြီး မီးဖိုခန်းကနေထွက်သွားမယ်လုပ်လိုက်တော့ အမေကပြန်ခေါ် လိုက်တယ်။
"Lisa"
Lisa ရပ်လိုက်ပြီး အမေ့ကိုလှည့်မကြည့်ပဲမေးလိုက်တယ်။ "ဘာလဲ အမေ"
"ဒီအချိန်က သမီးအမေ့ကိုပြောရမယ့်အချိန်လို့ မထင်ဘူးလား"
Lisa စိတ်လှုပ်ရှားပြီး တံတွေးမြိုချလိုက်မိတယ်။ "ဘာကိုပြောရမှာလဲ"
"သမီးက gay နေတယ်ဆိုတာကိုလေ"
Lisa ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရတယ်။ အိုးဂေါ့။ Lisa ဖြည်းဖြည်းချင်းခေါင်းယမ်းလိုက်မိတယ်။ "သမီးတို့ ဒီအကြောင်းမပြောပဲ တော်တော်ကြာနေခဲ့ပြီးပြီပဲ။ အမေဘာလို့ ဒီအကြောင်းကိုခုမှပြောချင်နေလဲဆိုတာ သမီးမသိဘူး"
"သမီးဘာလို့ အမေ့ကိုဒီအကြောင်းမပြောခဲ့တာလဲ"
Lisa နောက်ပြန်လှည့်လိုက်တယ်။ "အမေသိနေတာ ဘယ်လောက်ကြာပြီလဲ"
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.