အခန်း ၁၈

872 100 8
                                    

ကားတံခါးကိုပိတ်လိုက်ပြီး Jennie ရဲ့အိမ်လေးကို Lisa ငေးကြည့်လိုက်မိတယ်။ Mrs. Kim တို့စံအိမ်လောက်မကြီး ပေမယ့် သူတို့ရဲ့ချမ်းသာကြွယ်ဝမှုနဲ့ အဆင့်အတန်းအတွက်တော့ အထင်ကြီးစရာကောင်းတဲ့ အိမ်ကြီးအိမ်ကောင်း တစ်လုံးပဲ။ Lisa ခန့်မှန်းရသလောက် ဒီအိမ်ကလဲ အနည်းဆုံးတော့ တစ်ဧကလောက်ကျယ်မယ်ထင်တာပဲ။ အိမ်ဒီဇိုင်းက အရမ်းအထက်တန်းကျပြီး ခြံဝန်းထဲက အပင်တွေနဲ့ အလှဆင်ထားတာကိုတွေ့ရတယ်။ ရာသီအလိုက်ပွင့်တဲ့ပန်းတွေနဲ့ အလှဆင်ထားပြီး စိမ်းစိုနေတဲ့အိမ်လေးကို ပန်းရောင်စုံလေးနဲ့ ခြယ်သထားတာကိုတွေ့ရတယ်။

ခြံဝန်းလေးထဲက ပန်းခြံလေးကိုဝိုက်ဖောက်ထားတဲ့လမ်းလေးအတိုင်း Lisa လမ်းလျှောက်လာခဲ့လိုက်တယ်။ တံခါး နားရောက်တော့ ခနလောက်ရပ်ပြီး အသက်ပြင်းပြင်းရှုလိုက်မိပြီး ဒီကိုလာတာကောင်းပါ့မလားလို့ ထပ်တွေးလိုက်မိ ပြန်တယ်။ အမေကတော့ သူတို့နှစ်ယောကို သူငယ်ချင်းပြန်လုပ်စေချင်နေတယ်။ Lisa ကသိပ်တော့မသေချာဘူး။ သူတို့နှစ်ယောက်ကြားမှာ အတိတ်တွေက အများကြီးပဲမလား။ အခြေမကျသေးတာတွေလဲ အများကြီးလေ။

ဒါပေမယ့် မဟုတ်ဘူး။ အခြေကျသွားပြီမလား။ ဟုတ်တယ်မလား။ Jennie ကလက်ထပ်ပြီးပြီလေ။ ပုံပြင်ကပြီးသွားပြီ မလား။ ဒီအတွေးတွေနဲ့ တံခါးဘဲလ်ကိုတီးလိုက်တော့ သာယာတဲ့အသံလေးထွက်လာခဲ့တယ်။ ခနနေတော့ Jennie တံခါးလာဖွင့်ပေးပြီး ပျာယာခတ်နေတဲ့သူမကိုတွေ့လိုက်ရတယ်။

"နင်အစောကြီးလာခဲ့တာပဲ။ ကောင်းတယ်။ ငါတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတာ"

Lisa မျက်လုံးပင့်လိုက်တယ်။ "အင်း။ တော်တော်ကောင်းတဲ့အိမ်ပဲ။ ငါဆိုလဲဘာလုပ်ရမှန်းမသိဖြစ်နေမှာပဲ"

Jennie မျက်လုံးတွေအရောင်တောက်လာပြီး ရယ်လိုက်တယ်။ "တော်တော်ရယ်ရတာပဲနော်။ မဟုတ်ဘူး ငါမီးဖိုခန်းထဲမှာ ဘာလုပ်ရမှန်းမသိဖြစ်နေတာ"

"နင်ချက်ပြုတ်နေတာလား"

"ငါချက်မှာလို့ နင့်ကိုပြောသားပဲ"

Lisa မျက်လုံးတွေက Jennie ကိုအကဲခတ်လိုက်တယ်။ သူမရဲ့ပိုးသားအင်္ကျီလေးနဲ့ အနက်ရောင်စတိုင်ပန့်လေးက အရမ်းလိုက်ဖက်နေပြီး လည်တိုင်မှာ ကျောက်မြတ်ဆွဲကြိုးလေးကထင်းနေပြီး မိတ်ကပ်ပါးပါးလေးနဲ့ အရမ်းလှနေတာ ကိုတွေ့ရတယ်။ ပြီးတော့ Lisa ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်မိတယ်။ သပ်သပ်ရပ်ရပ်ဂျင်းဘောင်းဘီတစ်ထည်ကို ဝတ်ထားပြီး ရိုးရိုး sneaker တစ်ရံနဲ့ တီရှပ်က Manoban စတိုးဆိုတဲ့စာတန်းပါတာကို ဝတ်ထားတာကိုတွေ့ရတယ်။

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now