အခန်း ၂၁

804 84 4
                                    

"အမေ။ ဒါကအချိန်ကောင်းမဟုတ်ဘူးနော်" Jennie ပြောလိုက်ပြီး ဘာလို့ဒီဖုန်းကိုပြန်ဖြေလိုက်မိလဲဆိုပြီး စိတ်ပျက်မိသွားတယ်။

"အချိန်ကောင်းမဟုတ်ဘူး ဟုတ်လား Jennie။ သမီးအဖေနဲ့အမေ သမီးကိုစကားပြောချင်တာလေ။ အခုချက်ချင်း တစ်နာရီအတွင်း သမီးနဲ့တွေ့ချင်တယ်။ သမီးရောက်လာတဲ့အချိန်မှ နေ့လည်စာစားဖို့ အိမ်အကူကို အမေပြောထား တယ်"

Jennie ဘာမှပြန်မပြောရသေးခင်မှာပဲ Mrs. Kim ဖုန်းချသွားခဲ့တယ်။ အမြဲတမ်း ဒီလိုပဲလား။ Jennie ရဲ့ဘဝမှာ သူမအမေရဲ့ဆန္ဒတွေကို လွန်ဆန်နိုင်ဖို့အချိန်ရှိပါ့မလား။ အင်း မနေ့ညက Hanbin ကိုပြောပြီးကတည်းက ဘာမှထပ်မ ပြောရသေးဘူး။ Jennie သူမအမေကိုချက်ချင်းဖုန်းပြန်ခေါ်လိုက်တယ်။

"ဒါကအချိန်ကောင်းမဟုတ်ဘူးလို့ သမီးပြောပြီးပြီမလား။ သမီးနေ့လည်စာ စားဖို့ချိန်းထားတာရှိတယ်" ခုနက သူအမမေလုပ်တဲ့အတိုင်း ပြောပြီးပြီးချင်းဖုန်းချလိုက်တယ်။ Mrs. Kim တောင်အဲ့လိုကလေးဆန်ပြီး လုပ်သေးတာပဲ Jennie လဲဘာလို့အဲ့လိုမလုပ်နိုင်ရမှာလဲ။ ဟုတ်တယ်မလား။

Mrs. Kim ရဲ့ဖုန်းထပ်ဝင်လာတဲ့အချိန်မှာတော့ Jennie ဒီအတိုင်းထားလိုက်ပြီး ကားဆီကိုမြန်မြန်သွားလိုက်တယ်။ မနေ့ညက သတ္တရှိရှိနဲ့ Hanbin ကိုပြောခဲ့ပေမယ့် သူမမိဘတွေကိုတော့ မျက်နှာချင်းဆိုင်နိုင်ဖို့ဘာမှမပြင်ရသေးဘူးလေ။ Lisa နဲ့ Chitthip ကိုစကားပြောပြီးရင်တော့ ကိုယ့်ကိုကိုယ်ယုံကြည်ချက်ပြန်ရပြီး အမေတို့ကိုပြန်ပြောနိုင်ဖို့ သတ္တိရှိလာမှာ သေချာတယ်။

နွေရာသီရဲ့နောက်ဆုံးရက်တွေဟာ ပျင်းရိခြောက်သွေ့စေတယ်။ ကားတံခါးမှန်ကို ချလိုက်တော့ နွေလေညှင်းလေးတွေ က သူမမျက်နှာကိုပွေ့ဖက်လိုက်ပြီး ဆံပင်တွေကြားကိုတိုးဝှေ့သွားခဲ့တယ်။ ဒီခံစားချက်လေးက အရမ်းကောင်းတာပဲ။ သူမအတွက် ဒီခံစားချက်လေးက အရမ်းကောင်းတာပဲ။ လွတ်လပ်မှုကို ခံစားရတယ်။ သူမပြုံးလိုက်ပြီး နေ့လည်စာ ဖိတ်ခံရတဲ့အကြောင်းကိုတွေးလိုက်တယ်။

Lisa ဖုန်းခေါ်ပြီးနေ့လည်စာစားဖို့ဖိတ်တော့ သူမအံ့ဩမိသွားခဲ့တယ်။ သူမတို့နောက်ဆုံးတစ်ကြိမ်တွေ့ပြီးသွားတော့ ထပ်တွေ့ဖို့ သူမစချိန်းရမယ်လို့ တွေးထားမိတာ။ Lisa ကစတွေ့ဖို့ချိန်းတော့ အရမ်းပျော်မိပြီး Chitthip နဲ့ Bam တို့နဲ့အတူ နေ့လည်စာစားရတာလဲ ပျော်မိတယ်။ မနေ့ညက Hanbin နဲ့ပြောခဲ့တာတွေအတွက်လဲ သူတို့ကိုပြန်ပြော ချင်နေတယ်။

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now