အခန်း ၃၄

802 97 9
                                    

အခန်းထဲမှာ ဝဲလဲခတ်သွားမိနေတာ Lisa သိပေမယ့် ကြည့်ရတာအမေ့ဆီက ခေါင်းမာတာကိုအမွေရထားလို့နဲ့တူတယ်။

သမီးကိုအမေပြောပြီးသားလေ။ အမေနေကောင်းပါတယ်ဆို Chitthip ကလေးကြိမ်မြောက်ပြောလိုက်တယ်။

ဆရာဝန်က နားနားနေနေ နေခိုင်းတာလေ Lisa သတိပြန်ဖော်ပေးလိုက်တယ်။

အဲ့ဒီတော့ အမေ့ကိုအိပ်ယာထဲမှာပဲ အနားယူစေချင်နေတာလား

ဟုတ်တယ်

Jennie နဲ့ Luca လာမှာကို အိပ်ခန်းထဲမှာထက် ဒီမှာပဲနေချင်တယ် Chitthip ကပြောလိုက်ပြီး ဆိုဖာပေါ်ထိုင်လိုက် တယ်။ နေ့လည်စာစားပြီးရင် အခန်းပြန်နားမယ်လို့ အမေကတိပေးတယ်

အမေ့ကို လူနာတစ်ယောက်လိုမဆက်ဆံချင်ပေမယ့် ဒေါက်တာအနားယူသင့်တယ်လို့ ပြောလိုက်ကတည်းက အမေ့နား ရောက်နေခဲ့တာဖြစ်တယ်။ အမေ့ရဲ့ကြောက်နေတာအတွက်တော့ Lisa တို့မှာသက်သာရာရအောင် လုပ်ပေးဖို့ ဆေးမရှိဘူး ဖြစ်နေခဲ့တယ်။ တံခါးခေါက်သံကြားလိုက်ရတော့ Jennie နဲ့ Luca ရောက်လာတာပဲဆိုတာ သိလိုက်တယ်။ ပြီးတော့ Lisa ဝန်မခံချင်ပေမယ့် နည်းနည်းတော့စိတ်လှုပ်ရှားနေခဲ့တယ်။ Jennie ပြောခဲ့တာက သူတို့နှစ်ယောက် အကြောင်းကို Luca ကိုပြောပြချင်တယ်။ ဘယ်သူ့ကိုမှထပ်ပြီး မဖုံးကွယ်ချင်တော့ဘူးတဲ့လေ။ Jennie ရဲ့အမေနဲ့အမေ အပြင် Hanbin နဲ့တောင်ရင်ဆိုင်ရမှာကို Lisa သိပေမယ့် Jennie ရဲ့သားနဲ့ကျတော့ သူတို့နှစ်ယောက်ကို သဘောမတူမှာ လက်မခံမှာကိုကြောက်နေတယ်။ ပြီးတော့ Jennie တွေဝေပြီး နောက်တစ်ခါထွက်သွားမှာ ချန်ထားခဲ့မှာကို ကြောက်နေ ပြန်တယ်။

Lisa ရဲ့တွေဝေနေတာကို Chitthip ကသတိထားမိသွားပုံရတယ်။ Luca ကသူ့အမေကို အရမ်းချစ်တာ သူမပြောလိုက် တယ်။ သူ့အမေပျော်ရွှင်မှုတစ်ခုကိုပဲ သူလိုချင်တာ

အိုး အမေသမီးစိတ်ကိုဖတ်နိုင်တယ်ပေါ့လေ Lisa ပြောလိုက်ပြီး တံခါးဆီသွားလိုက်တယ်။

အမေက သမီးစိတ်ကိုအမြဲတမ်းဖတ်နေခဲ့တာ Chitthip ကရယ်ပြီးပြောလိုက်တယ်။

အသက်ပြင်းပြင်းတစ်ချက် Lisa ရှုလိုက်ပြီးတံခါးဖွင့်လိုက်တော့ Jennie ကိုအရင်ကြည့်လိုက်မိတယ်။ ပြီးတော့ Luca ဆီအကြည့်ရောက်သွားတယ်။ အိုးတန်းအန်းတန်းဖြစ်နေတာကို ခံစားလိုက်ရတော့ Lisa ရဲ့စိတ်လှုပ်ရှားမှုက သိသာနေလားဆိုပြီး တွေးမိလိုက်တယ်။

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now