"ဒီစိတ်ပင်ပန်းရတဲ့နေ့ကြီးကို ကုန်ဆုံးသွားစေချင်တယ်" Jennie ရဲ့ကားနဲ့စတိုးဆိုင်ကိုပြန်မောင်းလာရင်း Lisa ပြောလိုက်တယ်။
Lisa ရဲ့ပေါင်လေးကို Jennie လက်လေးနဲ့နှစ်သိမ့်ပြီးကိုင်လိုက်တယ်။ "Chitthip ကငါ့ကိုဘာလုပ်ပါဆိုပြီး ပြောခဲ့တယ်" သူမပြောလိုက်တယ်။
"အိုး ဟုတ်လား"
"နင်ငါနဲ့အိမ်လိုက်ခဲ့ရမယ်"
Lisa ရယ်လိုက်တယ်။ "အမေက အဲ့လိုပြောလိုက်တာပေါ့လေ ဟုတ်လား"
"ဟုတ်တယ်။ တစ်ခြားဟာတွေရောပဲ" ဒီအချိန်ကပြောရမယ့်အချိန်မဟုတ်သေးဘူးလို့ Jennie တွေးပြီးနှုတ်ခမ်းကိုက် လိုက်တယ်။ "ငါတို့ညစာမစားရသေးဘူး။ အိမ်ကိုမှာစားကြရင်ရော"
"အဲ့လိုလုပ်ချင်လား"
"အင်း။ ငါတို့စကားပြောသင့်တယ်" သူမပြောလိုက်တယ်။ Lisa ရဲ့ခနလောက်ငေးကြည့်နေတဲ့မျက်ဝန်းတွေထဲက မေးခွန်းတွေကို Jennie မြင်လိုက်ရတယ်။ သူမမြန်မြန်လေးပြုံးပြလိုက်တယ်။ "ငါဒီညနင်နဲ့အတူအိပ်ချင်တယ်" သူမပြောလိုက်တယ်။ "ငါတို့အတူနေမှာမဟုတ်ပါဘူး ဒီအတိုင်းနင့်ဘေးမှာအိပ်ချင်ရုံလေးပဲ"
ပေါင်ပေါ်တင်ထားတဲ့ Jennie လက်လေးကို Lisa ပြန်အုပ်မိုးကိုင်လိုက်ပြီး ဖိလိုက်တယ်။ "ခုနလေးတုန်းက ငါတို့ပြောခဲ့တဲ့စကားတွေကို ငါမမေ့သေးဘူးနော်" Lisa ပြောလိုက်တယ်။
Jennie ခေါင်းညိမ့်ပြလိုက်ပြီး Lisa ရဲ့နွေးထွေးတဲ့လက်လေးကို ပြန်ဖျစ်ညှစ်လိုက်တယ်။ Lisa ကအသီးအရွက်ဘာဂါကို မှာလိုက်တော့ Jenie လဲဘာဂါရယ် အာလူးကြော်ရယ် coke တစ်ဗူးကိုမှာလိုက်တယ်။ ပြီးတော့ သူတို့နှစ်ယောက် အိမ်ကိုသွားလိုက်ကြပြီး ညစာပြင်ဆင်ဖို့ လုပ်လိုက်ကြတယ်။ ညနေခင်းရာသီဉတုလေးက အရမ်းမနွေးပေမယ့် နေလို့ ကောင်းနေခဲ့တယ်။ Jennie စိတ်ထဲ ပေါ်တီခုံအောက် ရေကူးကန်ဘေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့နှစ်ယောက် စကားပြောအဆင်ပြေဖို့ Jennie ဆုတောင်းနေပြီး Chitthip ရဲ့ကင်ဆာအတွက် Lisa ကိုလဲမဖုံးကွယ်ထားချင်ဘူးလေ။
ဆယ်မိနစ်လောက်နေတော့ လက်ထဲမှာအိတ်တွေကိုင်ပြီး Lisa ရောက်လာခဲ့တယ်။ Lisa လက်ထဲက သူမအိတ်ကို ယူလိုက်တော့ ဘာဂါနံ့လေးကမွေးကြိုင်သွားခဲ့တယ်။ အိတ်ထဲကနေတစ်ခုယူစားလိုက်ပြီး Jennie ပြုံးလိုက်တယ်။
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.