အခန်း ၂၄

684 102 7
                                    

စားသောက်ဆိုင်ရောက်တော့ စောသေးတာနဲ့လူရှင်းနေတာကိုတွေ့ရတယ်။ Lisa နောက်ကို Jennie လိုက်ဝင်လိုက်ပြီး ပြတင်းပေါက်နားက စားပွဲကိုရွေးလိုက်ကြတယ်။ စားပွဲခင်းက နည်းနည်းစွန်းနေပေမယ့် သန့်ရှင်းနေတာကိုတွေ့ရတယ်။ စားပွဲထိုးကရောက်လာပြီး အရံဟင်းတွေလာချပေးလိုက်တယ်။

"သောက်စရာဘာမှအုံးမလဲဗျ"

"ကျွန်မအတွက် ကော်ဖီအေးတစ်ခွက်ပေးပါ" Lisa ပြောလိုက်တယ်။

"ကျွန်မလဲအတူတူပဲ"

စားပွဲထိုးလေးပြန်သွားတော့ Jennie နားကို Lisa တိုးလိုက်တယ်။ "နင်ဒီလိုဆိုင်မျိုးမထိုင်ဖူးဘူးဆိုတာ ငါပြောရဲတယ်"

"နင်ဘာလို့အဲ့လိုပြောရတာလဲ"

"ဘာလို့လဲဆို‌တော့ နင်စားပွဲခင်းစွန်းနေတာကို စိုက်ကြည့်နေတာလေ" Lisa ကပြောလိုက်ပြီး Jennie ဖက်ကစားပွဲခင်း အစွန်းကွက်ကို ပွတ်လိုက်တယ်။ "ပြီးတော့ ဒီမှာစားလို့သန့်ပါ့မလားလို့လဲ နင်တွေးနေတာ"

Jennie ရယ်လိုက်တယ်။ "ဟုတ်ပါပြီ။ ထုတ်ပြောစရာမလိုပါဘူး"

"ဒီကအစားအစာတွေက အရမ်းကောင်းတယ်။ အရင်တစ်ပတ်က Bam ငါ့အတွက်ဝယ်လာပေးခဲ့တာ"

"အဲ့ဒီတော့ နင်ဒီဆိုင်ကဘယ်လိုဟာစားတာလဲ။ မီနူးထဲမှာတို့ဖူးပါတယ်လို့တော့ မထင်ဘူး" Jennie ပြောလိုက်တယ်။

"မပါဘူး။ ဒါပေမယ့် ဟင်းနုနွယ်နဲ့ မှိုတော့ တော်တော်လေးစားလို့ကောင်းတယ်လေ" Lisa ပြောလိုက်တယ်။

Lisa ပြောတဲ့ဟင်းတွေကို Jennie မြည်းကြည့်လိုက်တယ်။

"ဘယ်လိုလဲ ဘယ်လိုခံစားရလဲ" Lisa မေးလိုက်တယ်။ "အရသာရှိလား"

"အင်း စားလို့ကောင်းတယ်။ ငါ့ဟာငါနောက်ထပ် ထပ်လာစားအုံးမယ်" Jennie ပြောလိုက်တယ်။ "ဒီမေလကုန်ရင် Luca ပြန်လာမှာလေ။ သားနဲ့အတူ ဒီကိုလာစားရမယ်"

"Luca ကကျောင်းပိတ်တာလား အားလက်ရက်ရှိလို့လား" Lisa မေးလိုက်တယ်။

Jennie ခေါင်းယမ်းလိုက်တယ်။ "ငါနင့်ကို ပြောဖို့မေ့နေတာ။ သူအခုတက်နေတဲ့တက္ကသိုလ်က သူ့ဝါသနာနဲ့ မကိုက်ဘူးလို့ပြောတယ်"

တည်မြဲသော ချစ်ခြင်း (JENLISA)Where stories live. Discover now