"OMG! ငါတော့နင်တို့နှစ်ယောက်ကို ချစ်မိနေပြီ" Moon ကပြောလိုက်တယ်။
Lisa ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး ကော်ဖီခွက်ကိုမမှောက်အောင် ပေါင်ပေါ်သေချာတင်လိုက်တယ်။ "ဒါက ငါအတွက်တော့ special day ပဲ"
"ပြီးတော့ Jennie ကရော ဒီလိုသတ်မှတ်တာပဲလား" Solar မေးလိုက်တယ်။
Lisa ပြုံးလိုက်တယ်။ "ငါတို့အဲ့ဒီနေ့က ဘာအနှောက်အယှက်မှမရှိပဲ သုံးနာရီလောက်အိပ်ယာပေါ်အချိန်ဖြုန်းခဲ့ ကြတယ်။ နောက်ရက်တွေကျ ငါတို့နှစ်ယောက်လမ်းတောင်လျှောက်နိုင်ပါ့မလားဆိုပြီတောင် အံ့ဩမိတယ်"
"Jennie အမေမသိအောင် နင်တို့ဒါကိုဘယ်လိုဆက်လုပ်နေကြလဲ။ ပြီးတော့ နင့်အမေရောပဲလေ" Moon ကမေးလိုက်တယ်။
"ငါထင်တာတော့ သူတို့မရိပ်မိအောင်ဘာလို့ဖြစ်နေရတာလဲလို့တွေးမိတယ်။ ငါတို့နှစ်ယောက်လုံး တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်တိုင်းမှာ ဘယ်လောက်တောင်ချစ်နေကြလဲဆိုတာ မျက်နှာပေါ်မှာတောင် ပေါ်နေတာပဲလေ"
"Hanbin ကရော" Solar မေးလိုက်တယ်။ "Jennie နောက်ဆုံးတော့ သူနဲ့အိပ်မယ်ဆိုတာ ငါတွေးမိတယ်"
ဒီလောက်နှစ်တွေကြာခဲ့တာတောင် အရင်တုန်းကလို သဝန်တိုမှုကို Lisa ခံစားလိုက်ရတယ်။ Lisa စကားပြောရမှာ ကြောက်နေပြီးခေါင်းညိမ့်ပြလိုက်မိတယ်။ သဝန်တိုမှုတွေကို ဖြေသိမ့်လိုက်ပြီး လည်ချောင်းရှင်းလိုက်တယ်။
"ဟုတ်တယ်။ Jennie သူနဲ့ sex လုပ်ခဲ့တယ်။ ခနတိုင်းတော့မဟုတ်ဘူး" Lisa ပြောလိုက်တယ်။
"ခနတိုင်းမဟုတ်ဘူးဆိုတာ နင်ဘယ်လိုသိတာလဲ"
"ဘာလို့လဲဆိုတော့ Jennie ငါ့ကိုပြောပြလို့လေ"
"အဲ့ဒီတော့ နင် Jennie ကိုယုံတယ်ပေါ့" Solar မေးလိုက်တယ်။
"Jennie ဘယ်တုန်းကမှ ဘာကိုမှငါ့ကိုမလိမ်ခဲ့ဖူးဘူး။ ငါပြောခဲ့သလိုပဲ ငါနေရာဘယ်နေရာလဲဆိုတာ ငါသိတယ်"
"နင်တို့နှစ်ယောက်တစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတာမလား" Moon ကပြောလိုက်တယ်။ "ဘယ်လိုများ Hanbin ထိတွေ့တာကို သူမ ခွင့်ပြုရတာလဲ"
YOU ARE READING
တည်မြဲသော ချစ်ခြင်း (JENLISA)
Fanfiction"ဘဝတစ်လျှောက်လုံး နင့်အမေကြိုးဆွဲရာနေသွားတော့မှာလား Nini" ... Lisa. "မပျော်တဲ့ဘဝကြီးကနေ ဘယ်လိုရုန်းထွက်ရမလဲ ငါမသိဘူး Lili" ... Jennie.