🌸Part 2🌸

11.1K 207 8
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

   မင်းယမင်းနေသည့်ရပ်ကွက်လမ်းကြားထဲ ကားမောင်းလာသည့်တစ်လျှောက် မည်သည့်ယာဉ်တစ်စီးမှတောင်မလာသလို လူနေအိမ်တို့မှာလည်း မီးလေးယဲ့ယဲ့သာ ထဖွင့်ထားသည့်ခြံရှိသလို ဆူညံသံသဲ့သဲ့လေးတောင်မကြားရသည့်အထိ ပတ်ဝန်ကျင်းတစ်ခုလုံးဟာ တိတ်ဆိတ်နေပါသည်။

   နေမီးသည် မင်းယ၏အိမ်ခြံကြီးထဲ မောင်းဝင်လာကာ သူ့ထပ်အရင်ကားအချို့တို့က ကြိုရောက်နှင့်နေသည်မို့ ခြံဝနားမှာတင် ကားပါကင်ကိုဖြစ်သလိုထိုးရပ်ကာ ကားပေါ်ကနေတစ်ပတ်ပတ်ပြီး သူ့ညီမကိုကားတံခါးဖွင့်ပေး‌၍ဆင်းစေသည်။

   သူတိုနှစ်ယောက်ဟာ ဝင်လာကာ တစ်ခြံလုံးလင်းထိန်ရုံမက အိမ်ကြီးထဲမှာပါ ရောင်စုံမီးများပါ ဖွင့်ထားသေးသည်။ အသဲကွဲသူကြီးရဲ့ နောက်ဆုံးလမ်းခွဲခြင်းဟာ သီချင်းသံ‌တို့နှုင့်ပါ နှုတ်ဆက်နေလေရဲ့.......

  နှစ်ထပ်ခွဲအိမ်ကြီးမှာမှ အောက်ထပ်တစ်ခုလုံးဟာ လူတွေနှင့်ပြည့်နေကာ ပါတီပွဲကြီးကျင်းပနေသလိုပင် မင်းယမင်း၏နေအိမ်၌ လူစည်ကားနေသည်။

"ဟေ...မင်းသားကြီးလာပြီး... ဒီမှာ နေရာလွတ်ရှိတယ် လာ.."

  အခန်းတစ်ခုထဲတွင် နေမီးဝင်လာသည်နှင့် အသွင်နှင့်နေနိုင်တို့က ဆီးကြိုလေသည်။

  သူတို့ လွတ်နေသည့် ခုံနှစ်ခုံကြားဝင်လာကာ နှစ်ယောက်လုံးထိုင်လိုက်သည်။ စားပွဲ‌ပေါ်မှာရှိနေသည့်အစားအသောက်တို့ကိုမြင်လိုက်လျှင် ဟိုတယ်ထက်ကို အလျှံအပယ်အပြည့်အစုံရှိနေသည်၏......

  သူက မုန့်တချို့ရယ်အအေးဘူးအချို့ကို ကိုကိုလေးဆီကိုပို့ပြီး၊ သူက whiskeyပုလင်းကိုဆွဲယူ ကာဖန်ခွက်ထဲထည့်လိုက်၏။ နေနိုင်တို့ အသွင်တို့ သော်တာတို့က ကမ်းပေ့လုပ်ကြရင်း အလျှိုလျှို သောက်နေလေတော့သည်။

"ရောက်နေပြီးလား....."

  လက်ထဲကစီးကရက်ကိုနှုတ်ခမ်း‌ပေါ် တေ့ကာတစ်ဖွာရှိုက်ပြီးမှ အခန်းထဲဝင်လာသည့်မင်းယသည် နေမီးကို ဆိုလေ၏။ နေမီးလည်း ချီးယားသဘောနှင့်သူ့ကို လက်မြှောက်ကာပြလေလျှင် သူသောက်လက်စ စီးကရက်ကိုသာမြှောက်ပြလိုက်သည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ