🐉Part34🐉

6.6K 124 12
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part34🐉

"ခဏက မင်းပြောတဲ့vedioရဲ့တန်ရာတန်ကြေးမှာလဲ ငါ့အတွက်က ဒါလား"

အနိုင်ရလိုချင်စိတ်တစ်ခုထဲနဲ့ပြောခဲ့တဲ့စကားဟာ သူ့အတွက် "အဆုံးသတ်ခြင်း"ဆိုတဲ့စကားကို ရလိုက်တာပဲ။

မင်းကိုချစ်မိတာ ငါ့အမှားပဲ......

...................................

"ဘာလို့လဲ.....ဘာလို့ ငါ့အချစ်ကိုကျတော့ မင်းမမြင်နိုင်ရတာလဲကိုကို.......ဟမ်း ပြောစမ်းပါ။ မင်းဆီကချစ်တယ်ဆိုတဲ့စကားကိုကျတော့ ငါ့မှာ ဘယ်နေရာမှာဘာပဲဖြစ်ဖြစ် ကြည်ကြည်ဖြူဖြူနဲဲ့လက်ခံခဲ့ရပြီးတော့ ငါ့အချစ်ကိုကျတော့ ဘာလို့ ဥပက္ခာပြုရတာလဲ ကိုကိုရာ....ဘာလို့ မင်းကို ငါကအဆုံးသတ်ခွင့်ပြု ပေးရမှာလဲ”

"နင့်ကိုအရမ်းချစ်တဲ့သူ.....အရာအားလုံးထက် နင့်ကိုပဲ ပုံပြီးချစ်နေရတဲ့သူမလို့ အဆုံးသတ်က ငါတို့လမ်းခွဲကြတာပဲ ကောင်းမယ် "

"ငါကရော.......မင်းကိုချစ်တဲ့ငါကရော...... အရာအားလုံးထက်မင်းကို မချစ်ဘူးလို့ထင်နေတာမလား။ မင်းနဲ့ပတ်သက်မိထဲက ငါ့မှာမင်းပဲရှိခဲ့တာ မင်းတစ်ယောက်ကိုပဲကြည့်လာခဲ့တာ...ငါပြောနေတာကို ဘာလို့မယုံတာလဲ မင်းစိတ်ကြိုက်တာလုပ်ပစ်တော့ သောက်ဂရုကိုမစိုက်တာကွာ"

ဆုပ်ကိုင်ထားသောပခုံးနှစ်ဖက်ကို ထပ်ဖိထားကာ သူ အော်ဟစ်ရင်းဆိုလေသည်။

"ကွာရှင်းတာကိုနောက်မှလုပ်မယ် လောလောဆယ် ငါနင့်ရဲ့မျက်နှာကို မမြင်ချင်သေးဘူး ၊ ဒီအိမ်ထဲမှာလဲ နည်းနည်းလေးတောင်မှ နေချင်စိတ်မရှိတော့ဘူး ၊နင်နဲ့ရှိနေရင် ငါ့အတွက် အသက်ရှုတဲ့လေကအစ အဆိပ်အတောက်တွေလိုခံစားရတယ် "

"ကိုကို မင်းတော်လိုက်တော့..."

တစ်ထိုင်ထဲနဲ့စိတ်ရှိသလို ဆုံးဖြတ်နေသော ကိုကို့,ကို ဒေါသထွက်လာကာ အော်ဟစ်ရင်း စိတ်ရှိသလို ကိုင်ပေါက်ချင်နေသည့်စိတ်တို့က တားဆီလို့မရလာသောကြောင့် ဝရံတာဘေးမှနံရံသို့သာ ကျရောက်သွားသည်။

"ဒုန်း..."

"မင်းရူးနေလား..."

"ဟုတ်တယ်.....ကိုကိုရူးနေလို့......ဒါကြောင့်မို့လို့ လုပ်ချင်သလိုလုပ်ခွင့်ပေးပါ........."

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now