🌸Part7🌸

7.6K 184 6
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသကို အပ်၍🌸

   🌸Part7🌸

   ကိုကို ရန်ကုန်ရောက်ကတည်းက အခုထိမကိုင်ရသေးသည့် ကင်မရာကို ပြန်ဖွင့်ကြည့်ရင်း အရင်ချိန်တုန်းက ရိုက်ထားသည့်ပုံ‌တွေထဲမှာ ကိုကြီးနှင့်သူမ....

   မနှစ်က မန္တာလေးကျုံးမှာ ကိုကြီးကရပ်ပြီး ဖုန်းပြောနေကာ သူမကကိုကြီးဘေးတွင် ကင်မရာကိုပြောင်းပြန်လှန်ကိုင်ပြီး ရိုက်ထားသည့်ပုံတစ်ပုံသာ သူမတွင်ရှိသည်ကို ကြည့်နေမိသည်။

  အဲ့တုန်းက ကိုကြီး မန္တာလေးမှာအလုပ်ရှိလို့ ခဏဝင်လာတာဆိုပြီး ခဏလေးပဲတွေ့လိုက်ရတာ...

  ကိုကြီးနဲ့ကိုကိုက အခြားသောမောင်နှမတွေလို ဖော်ဖော်ရွေရွေမရှိချေ၊ အနေစိမ်းတာလည်းပါမှာပေါ့ ဒါပေမယ့်ကိုကြီးက သူမအပေါ်ကို နွေးနွေးထွေးထွေးတော့ ရှိလှသည်။

   ကိုကိုနဲ့တွေ့ဖြစ်ရင် တအားကို အလိုလိုက်ပေးတတ်ပြီး အဝေးရောက်နေရင်တော့ တစ်လကိုတစ်ခါဖုန်းကိုင်ဖို့တောင် အနိုင်နိုင်ရယ်။

  ကိုကြီးက သွေးအေးပီး အနေလည်းတည်သည်။ ကိုကြီးနဲ့ကိုကိုက လိမ္မာတဲ့သားသမီးထဲမှာ မပါပေမယ့် မိဘတွေကိုလည်းဒုက္ခပေးတတ်တဲ့ သားသမီးထဲမပါ။ တစ်ခါတစ်လေတော့ ကိုကြီးက နည်းနည်းဆိုးတယ်လို့ ပြောသံကြားဖူးသည်........

  ကိုကြီးဟာ ဘယ်လောက်သွေးအေးပြီးရက်စက်တတ်လဲဆို ကိုကိုအိမ်ထောင်ကျသွားချိန်ကနေ ခုထိ၊ တစ်လလောက်ရှိပြီး ကိုကြီးအရိပ်ကိုတစ်စက်လေး မှတောင် မတွေ့ရသေး။

   စိတ်အားငယ်တဲ့အချိန်၊ ကိုကြီးကိုလွမ်းတဲ့အချိန်၊အရမ်းကိုအထီးကျန်ရတဲ့အချိန်မှာ ကိုကြီးကိုဖက်ပြစ်ပီး ရင်ဖွင့်ပစ်ချင်စိတ်တို့က ဘယ်လိုမှကို မသည်းခံနိုင်တဲ့အထိကို တွေးရင်းမျက်ရည်ကပေါက်ပေါက်ကျလာရတော့သည်။

"ကိုကို"

  ငေးကြည့်နေသည့် ကင်မရာကို အမြန်ပိတ်ကာ ခေါ်သံဘက်သို့လှည့်ကြည့်ကာ.....

"ဟင်"

"ငါအပြင်ခဏသွားမလို့"

"သွားလေ"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Donde viven las historias. Descúbrelo ahora