🐉Part29🐉

6.6K 128 6
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉
    
🐉Part29🐉

“အား...ကို့ဒဏ်ရာက သေးသေးလေးပါကွာ မင်းလုပ်မှပဲ ပိုနာတယ်”

“သေးသေးကြီးကြီး ဒဏ်ရာမရပါနဲ့ဆိုနေမှကို... နာလဲခံ လေ ဆေးလဲထည့်ပေးရသေးတယ်၊ ပြီးရင် သူရဲကောင်းကလုပ်ချင်သေးတယ် သူများဘက်ကို တစ်ချက်မှတောင် မလှည့်ကြည့်ဘူး”

“သူများက ဘယ်သူလဲ”

   သူမမှာတော့ သူဘာများထပ်ဖြစ်မလဲဟူသော စိုးရိမ်စိတ်များခဲ့ချိန်ကအပူဟာ ဘာနဲ့မှတောင်မပြောပြတတ်အောင်ဖြစ်ခဲ့ရသည်။

   သူ့တစ်ယောက်ထဲကိုချစ်ခဲ့မိလို့လားမသိ၊ သူများတစ်ခုခုဖြစ်သွားလျှင် ဆုံးရှုံးရသွားရလျှင်ဆိုတဲ့ စိတ်နဲ့ စိတ်ကူးနေကြည့်လိုက်မိသည်နှင့် ကိုကိုဘယ်လောက်ရင်ကျိုးသွားရမလဲဆိုတာတွေးကြည့်မိယုံတင် ရူးသွားလိမ့်မည်။ သူ့ကိုလှောင်အိမ်ထဲမှာထည့်ပြီးသော့နဲ့သာပြေးခက်ပစ်လိုက်ချင်သည့်အထိတကယ်ပါပဲ။

“ရှင့်အရှေ့မှာ ဘယ်သူရှိသေးလို့လဲ”

   ဒီလောက်စိတ်တိုနေတဲ့ကြားမှာ စနောက်နေသေးသည်ကို စိတ်တိုတိုနှင့်ပြောတာ အသံတို့ပါ တုန်ခါသွားရသည်။

“ဆောရီး......ကိုနောက်တစ်ခါမဖြစ်စေရဘူးကွာ... အာ့ကောင်တွေ သေသေရှင်ရှင် လှည့်မကြည့်တော့ဘူး ဟုတ်ပြီးလား မင်းကိုပဲကြည့်တော့မယ်”

“အော်ဟော်.....သူက သူရဲကောင်းကြီးလုပ်ပြီး ကိုကိုက ဗီလိန်မကြီးလုပ်ပေါ့လေ....”

“အာ...အဲလိုမဟုတ်ဘူးလေ....မသိတော့ဘူးကွာ... အဲလိုအ‌ခြေအနေကြီးကို ဒီအတိုင်းထားခဲ့ဖို့က တရားမျှတနေတာမှမဟုတ်တာ...ပြီးတော့..."

မင်းယက သူမလေးကိုငဲ့ကြည့်ရင်း....

“ ဥပက္ခာပြုဖို့က ကိုမှမနေနိုင်တာ”

“ကိုကြီးလဲ အဲလိုမျိုးပဲနော်”

  သူတို့နှစ်ယောက်အကြောင်း ပြောနေရင်းကနေ ဘယ်ကနေ နေမီးကကပ်ပါလာတုံး။

       ကိုယ့နှုတ်ခမ်းဘေးကအနာကပ်ပလာစတာ လဲပေးခြင်းအလုပ်ပြီးဆုံးကာ ကိုကိုသည် ကော်ဖီခွက်ကို သောက်ရင်း ပြောသည်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Opowieści tętniące życiem. Odkryj je teraz