🐉Part22🐉

6.6K 146 18
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part22🐉

"ဆယ်တန်းထဲက"

"ငါ့ကိုငါသိနေတာ ဆယ်တန်းထဲကပဲ"

"မနက်တုန်းက နင်သံသယဝင်နေမယ်ဆိုတာ သိလို့ ငါအခုပြောပြတာ ငါလဲမပြောဘဲနေမလို့ပါပဲ"

ထင်နေခဲ့သည့်အကြောင်းက အမှန်ဖြစ်လာတာမို့ ကိုကို့မှာ အံ့ဩသွားရသည်။ မိုးခါးက ဘာမှမဖြစ်သလိုနဲ့ဖြေနေတာဟာ မိုးခါးဟုတ်မှဟုတ်ရဲ့လားလို့။

"ငါတို့က သူငယ်ချင်းတွေပဲလို့ ငါတစ်လျှောက်လုံးယုံကြည်ခဲ့တာ"

"ငါလဲ နင့်ကို သူငယ်ချင်းထက်ပိုတဲ့ပုံစံနဲ့ ပြခဲ့ဖူးလား...

ငါ....နင့်ကို ဆက်ပြီး ထပ်ချစ်လာမှာဆိုးလို့ အခုတလော ငါနင့်ကိုရှောင်နေခဲ့တယ်၊ နင်နဲ့ငါကသူငယ်ချင်းထက် ပိုတဲ့ဆက်ဆံရေးတစ်ခု မဖြစ်နိုင်မှန်းသိလို့ ငါမနေနိုင်လို့၊ ငါနင့်ကို ရှောင်ခဲ့မိတယ် ငါဝန်ခံတယ် ငါနင့်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားလို့မရတော့ဘူးဆိုတာ"

"ဒါဆိုအခု ငါတို့နှစ်ယောက်က သူငယ်ချင်းဖြစ်လို့မရတော့ဘူးလား မိုးခါး"

"နင့်ကိုငါ ဖွင့်ပြောလိုက်ပြီဆိုမှ ငါတို့ ဘယ်လိုလုပ်ပြီး သူငယ်ချင်းလုပ်လို့ရတော့မှာလဲ"

သူ့အသံသိမ်ဝင်သွားရင်း ပြောလိုက်ရသော်လည်း ဒီရင်ဘက်က ပိုပြီးတော့တောင်နာကျင်ပြီးကျယ်လောင်လာရ၏။

သူ အစက UFLကို တတ်ဖို့အစီအစဉ်က လုံးဝစိတ်ကူးမရှိခဲ့၊ စီးပွားရေးနဲ့ပတ်သက်၍ ဒယ်ဒီကို အားကျကာ သူလည်း တစ်နေ့အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ရှိခဲ့ပေမယ့် ထိုကောင်မလေးတစ်ယောက်ကြောင့်....
အဲ့ကောင်မလေးအနားမှာ နေချင်သောစိတ်တစ်ခုကြောင့် သူဟာလုံးဝမမျှော်လင့်ခဲ့သော အရာကိုမိုက်ရူးဆန်စွာ ရွေးချယ်ခဲ့မိ၏။

ထို့အတွက်လည်း အခုထိနောင်တမရခဲ့ပါ။ ယခုတော့ သူ့ရဲ့ သူမအပေါ်ထားရှိသည့်တစ်ဖက်သတ်အချစ်ဆိုသည့်အရာဟာ တစ်ခဏအတွင်း ပျောက်ကွယ်သွားရချေပြီ။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Donde viven las historias. Descúbrelo ahora