🐉Part37🐉

8.7K 148 12
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part37🐉

ကိုကိုရဲ့ အိမ်ပြေးသောအစီအစဉ်မှာ မပါတာတစ်ခုကတော့ အနိုင်နဲ့အရှုံး ဆိုတာပဲ။

အနိုင်ပိုင်းပြီး ထွက်သွားနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် လက်တွေ့မှာတော့ အနိုင်ရသွားတာက သူပဲ ဖြစ်သွားသည်။

"ဘာငေးကြည့်နေတာလဲ"

"ဟင် မကြည့်ပါဘူး..."

"ပြန်အိပ်အုံး..... ကိုမထချင်သေးဘူး"

အောင်မာ သူ့ဘာသာ မထချင်တာနဲ့ သူများကိုပါ လာအမိန့်ပေးနေသေး။ ပြီးတော့ လူကိုသူ့ဖက်လုံးကျနေတာပဲ ခွဖက်ထားလိုက်တာများ.......

ဘယ်သူ့ရဲ့ခွင့်ပြုချက်နဲ့ ကိုကို့ခုတင်ပေါ်မှာ လာအိပ်နေရသလဲ။

ညက သူ့ကို သူ့ခုတင်ဘက်ကို တွဲပို့ပြီးတော့မှ ဒီဘက်ကိုလာခဲ့တာပါ။ ဒါပေမဲ့ ဒီအမူးသမားရဲ့အားသာချက်က ဘယ်လောက် မူးရူးအောင်သောက်ပါစေ အိပ်ရနောက်ကျပါစေ သူမထက်ကို အရင် အိပ်ယာနိုးတတ်တာပဲ။

သူမအိပ်မောကျသော အချိန်မှရောက်လာသောသူခိုးကို တစ်စက်မှအပြစ်မမြင်ရက်ပေမယ့်လဲ သူ့ကိုတော့ နည်းနည်းတော့ ဂျီကျ‌ချင်နေသည်....

သူ့ဆီက ဝင်လေထွက်လေ ငွေ့ငွေ့တို့က နှာဖူးပြင်ကနေ လာရိုက်ခက်နေသည်။မမြင်ရတဲ့ ရက်အတွင်းမှာ ရိတ်သင်ထားခြင်းမရှိတဲ့ မေးရိုးဆီက မွှေးညှင်းနုနုတို့ စိမ့်ဖက်နေကာ အနည်းငယ်တော့ကျိုးတိုးကျဲသဲ ရှည်နေသည်။

လက်နဲ့တို့ထိကြည့်တော့ ခပ်ရှရှလေး ထိနေသည့် ခံစားချက်ဟာ ရယ်စရာကောင်းလှသည်။မှိတ်ထားသည့် မျက်ဝန်းတို့ဟာ ငြိမ်သက်မနေဘဲ လှုပ်ရှားနေခြင်းဟာ သူသည် ကိုကို့ရဲ့လုပ်ရပ်တွေကို သိနေသည်ပဲဟု တွေးမိကာ ပြုံးလိုက်မိပြီး သူ့နဖူးကို လက်မနှင့်လက်ခလယ်ကိုအသုံးပြုကာ တောက်ချလိုက်သည်။

"တောက်"

"အ...နာတယ်ကွ၊ လက်သေးသေးလေးက..."

"ကို ဘာလုပ်မိလို့ နဖူးကိုတောက်ရတာလဲ"

"မသိဘူး..."

"ဘာ"

တကယ်လဲ ဘာလို့လုပ်မိတာလဲဆိုတာ မသိ‌ဘူး။ ကိုကို သူ့ကို အနိုင်ကျင့်လို့ရသောနည်းနဲ့ အနိုင်ကျင့်ချင်နေတာကပဲ ခေါင်းထဲရောက်နေတာ...

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Where stories live. Discover now