🌸Part 13🌸

7.2K 161 34
                                    

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸

🌸Part13🌸

  သူ့အိမ်မှာထူးဆန်းနေသည့်အဖြစ်အပျက် တစ်ခုရှိသည်။ အဲ့ဒါကတော့ သူ့ရဲ့နဂါး‌ပေါက်သေးသေးလေးဟာ မနက်အ‌စောကြီးထပြီး ရပ်ကွက်တစ်ခုပြီးတစ်ခုပတ်ပြေးနေတာပဲ။ ဘာလုပ်တာလဲမေးကြည့်လိုက်ရင် သူမဆီကနေထူးထူးဆန်းဆန်းအဖြေ ကိုသာ ‌ဖြေသံကြားသည်။

  ‘အားမွေးနေတာတဲ့’

  အခုလည်းသွားပြေးတာ 7နာရီထိုးနေပြီ ပြန်မရောက်လာသေး။ အဲ့လောက်ကျန်းမာရေးလိုက်စားမဲ့သူမဟုတ်မှန်း သိပေမယ့်လုပ်နေပုံက အူယားစရာ အသည်းယားစရာ။

ဟော်.... သူမအကြောင်းတွေးနေရင်းနဲ့ရောက်လာပြ္။

“ကိုကို”

“ဟင်...ဘာလဲ”

“ခဏလောက် လာအုံး”

   တံခါးကိုဆွဲဖွင့်လို့ဝင်လိုက်သည်နှင့် ခေါ်လိုက်သည့်အ‌သံဘက်လားရာ ကိုလှည့်ကြည့်တော့အဖြူရောင်ရှပ်လက်ရှည်ကို ဝတ်မလိုပြင်နေသည့်ကိုယ။

  ကိုကို့ကိုမြင်လိုက်တော့မှ သူ့အင်္ကျီကို ကြယ်သီး တပ်နေရင်းရပ်လိုက်ကာ သူမကိုညစ်ကျယ်ကျယ်အပြုအမှူတစ်ခု သူလုပ်မိသည်။

“ငါ့ကိုကြယ်သီးတပ်ပေးပါလား”

“ဟွန့်...”

  သူမကို ထိုသို့ခိုင်းတာ ပထမဆုံးအကြိမ်ပင်။ ခါတိုင်းက အဝတ်အစားတို့ကိုထုတ်ပေးရပြီး အခုနောက်တစ်ဆင့်သူ့ခိုင်းချက်က levelမြင့်တတ်လာသည်။

    ကိုကိုသည် သူ့အနားသို့ရောက်လာပြီး ကြယ်သီး တပ်မလိုပြင်လိုက်တော့မှ သူမလက်တို့မှချွေး‌စီးကပ်နေသောကြောင့် သူ့အင်္ကျီကိုပေကျံသွားမည်ဆိုးကာ လက်သွားပြေးဆေးကာ တစ်ဖန်သူ့အရှေ့ကို ပြန်ရောက်လာပြီး ကိုယ်တော်ချော၏အင်္ကျီကြယ်သီးတို့ကို အောက်ကနေတစ်လုံးချင်း တပ်ပေးရသည်။

     သူGymဆော့လား မဆော့လား ကိုကိုမသိပေမယ့်  သူ့ဆီမှာsix packပြေပြေလေးရှိတာကို ကိုကိုသိသည်။ သူ့ခန္ဓာကိုယ်မှာ ဘာtattoမှ ရှိမနေသည်ကိုလည်း ကိုကိုတွေ့ရသည်။ ကိုကို့ခေါင်းထက်မြင့်မားသောအရပ်၊ ဖြူသောအသားအ‌ရေနှင့် ပြုံးလိုက်လျှင် ညစ်ကျယ်ကျယ်မာကြောကြောမျက်နှာထားမျိုးရှိသောသူက မိန်းကလေးတို့သဘောကျသော ရုပ်ရေမျိုးကိုပိုင်ဆိုင်ထားသည်က ကိုကို့အတွက် အကြီးမားဆုံးရန်သူပင်။

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Wo Geschichten leben. Entdecke jetzt