🌸part6🌸🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸
ကော်လံကြီးကြီးပေါ်တွင်cosmosပန်းပွင့်တို့က ဟိုတစ်ပွင့်ဒီတစ်ပွင့်နှင့် crochestထိုးထားသည့် ဆင်ဆွယ်ရောင်ချည်သားပါးပါးလက်ရှည်ခါးတိုကို အနားသတ်ဘက်တွင် အတွန့်လုပ်ထားပြီး မှိုတတ်ရောင် ဂျင်းboilerဘောင်းဘီရှည်ပွပွလေးနှင့် အဖြူရောင် sneakerကိုပါ ကိုကိုတွဲဖက်ပြီးဝတ်ဆင်လိုက်သည်။
ပခုံးနားထိရှိသော ဆံနွယ်အကောက်ပြေပြေတို့ကို တစ်ဝက်သာစည်းတင်ထားပြီး ဆံမြတ်ပါးပါးလေးကို မျက်နှာကြည်ကြည်လေးပေါ်တွင်ဖြန့်ချထားသည့်ပုံရိပ်လေးဟာ ကိုကို၏အပြင်ထွက်ဖို့ အကောင်းဆုံး ပြင်ဆင်မှုတစ်ခုဖြစ်လေသည်။
Ring ...Ring....Ring....
စလွယ်သိုင်းလွယ်ထားသည့် နီညိုရောင်အိတ်သေးသေးထဲကနေ ဖုန်းကိုယူထုတ်ကြည့်လိုက်တော့ ထင်သည့်အတိုင်း ကိုကို့ရဲ့အချစ်ရဆုံးသူငယ်ချင်း ဆောင်းမိုးခါးဆီကဖြစ်၏...
"ဟဲလို"
"အေး... ငါ နင်အိမ်ရှေ့ ရောက်နေပြီ ထွက်လာခဲ့တော့"
"အွမ်"
ကိုကို့ဆီကို မိုးခါးကလာလည်မယ်ဆိုကာမှ ကိုကိုလည်း ဒီအိမ်ထဲမှာလာတွေ့လျှင် စိတ်ကျဉ်းကျလှသဖြင့် မိုးခါးနဲ့အပြင်မှာတွေ့ဖို့သာချိန်းလိုက်ရသည်။
ကိုကို ခြံရှေ့ကနေထွက်လာတော့ မိုးခါး၏အနက်ရောင်ပြိုင်ကားလေးသည် ခြံရှေ့တွင်ရပ်ထားပြီး မိုးခါးသည် သူမတို့အိမ်ကိုဖုန်းထဲကmapကနေ ကြည့်နေပုံရသည်။ ကိုကိုလည်း ဒီအိမ်ရဲ့တည်နေရာကို မသိသဖြင့် မိုးခါးကိုသာ လိပ်စာပို့ပေးလိုက်ပြှး mapကနေ ရှာပြီးလာခိုင်းရတာကိုး။
"ဝေါင်း.....မတွေ့ရတဲ့တစ်နှစ်အတွင်း မင်းသားလိုတောင်ပိုချောနေပါလား၊ အရပ်ရှည်လာတယ် ကြည့်စမ်း ငါ့အသဲက"
"ငါက ရှည်လာတာ မဟုတ်ဘူး၊ နင်သာ အရပ်ပုလာတာ ကိုကိုစုတ်"
"အောင်မယ်...ချောနေတာကိုတော့ ဝန်ခံနေတာမလား"
"မတတ်နိုင်ဘူးလေ မွေးထဲက ဆုလာဒ်ဆိုတော့"
ဆောင်းမိုးခါးက ပခုံးတွန့်၍ဆိုလေလျှင် ကိုကိုသည် ခေါင်းမော့ကာ'မနိုင်ဘူး'ဟုဆိုကာ ခေါင်းယမ်းပြီးရယ်နေရင်း ကားထဲဝင်ထိုင်လိုက်သည်။
YOU ARE READING
🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)
Romanceကိုကိုတချိန်က လိုချင်တမ်းတမက်မောနေခဲ့ဖူးတဲ့ ကိုကိုအချစ်ဦးဆိုသည့်အရာဟာ မစတင်ခင်မှာပင် ချေမွနင်းချေဖျက်ဆီးခံလိုက်ရပါပြီ... အချစ်ဆဲလ်လေးတစ်ခုလောက်အဖြစ်တောင် မစတင်လိုက်ခင်မှာဘဲ ကိုကို့အချစ်တို့က မီးလောင်တိုက်သွင်းခံလိုက်ရပါသည်။ 🌸မေချစ်သူကိုကို🌸