🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸
🌸Part 9🌸
ကျောင်းမဖွင့်ခင်အချိန်အတွင်းတွင် ကိုကိုနှင့် ဆောင်းမိုးခါးသည် အချိန်တွေအားယားနေသဖြင့် အပြင်မှာ မကြာခဏတွေ့မိကြသည်။ အခုလည်း နှစ်ယောက်သား ဟိုတယ်တစ်ခုကကော်ဖီဆိုင်တစ်ခုမှာ အေးအေးလူလူစာဖတ်ကြရင်း အချိန်ဖြုန်းနေကြ၏။
အချိန်ဘယ်လောက်တောင် ကြာလိုက်မှန်းမသိ ခွက်ထဲကကော်ဖီနွားနို့foamတို့ဟာ ခွက်၏ထောင့်ဘက်တွင် တစ်ရစ်ပီးတစ်ရစ်ဖြစ်နေကာ ခြောက်တောင်ခြောက်နေသေး၏။
လက်ထဲမှာကိုင်ထားသည့် ပါရဂူ၏ "သူ့လိုဘုရင်" ကလဲ လက်မလွှတ်ချင်လောက်အောင်တော်တော်လေးကောင်းနေသည်မှာ အချိန်ကိုတောင် သတိမထားလိုက်မိလိုက်။
လေးနာရီထိုးနေသလို ခဏနေရုံးဆင်းချိန်နှင့်တိုးလျှင် ကားကြပ်နေမည်ဆိုးသဖြင့် ပြန်မလို့ ဆောင်းမိုးခါးကိုလှမ်းခေါ်ဖို့အလုပ် ကိုကို့အရှေ့မှာ မြင်လိုက်ရသည့်မြင်ကွင်းက သိပ်ကိုလွမ်းနေသည့် ကိုကိုနေမီးပင်ဖြစ်နေ၏။
"ကိုကို့နေမီး"
ပါးစပ်ကတိုးတိုးလေးသာ လွှတ်ခနဲ့ထွက်မိသည်။ မိုးခါးက ကိုကိုဆီကကိုနေမီးလို့ကြားလိုက်တော့ ကိုကိုကြည့်နေသည့် နေရာအနောက်ဘက်သို့လှည့်ကြည့်တော့ ကိုနေမီးပုံသည်မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသည့်ဟန်နဲ့။
"ကိုကြီး မဟုတ်လား မိုးခါး"
"အိုး"
နေမီးပုံကို မိန်းကလေးတစ်ယောက်က လှမ်းဖက်လိုက်သည့်မြင်ကွင်း....
နောက်ကျောကနေမြင်ရပုံနှင့်တင် တော်တော်လေးကို ရင်းနှီးသည့်ဆက်ဆံရေးမှန်းသိပေမယ့် အခုချိန်မသွားသင့်မှန်းသိပေမယ့် ကိုကိုသည် ကိုကြီးကိုတအားလွမ်းနေသည့်စိတ်က ဘာကိုမှမစောင့်နိုင်သောကြောင့် ကိုကြီးဆီပြေးသွားမိသည်။
ဒါပေမယ့်ကိုကို လမ်းတစ်ဝက်မှာတင် နောက်ထပ်လူတစ်ယောက်က ကိုကြီးဆီပြေးလာပြီး ကိုကြီးကိုတစ်ချက်ထဲနှင့်အလဲထိုးလိုက်သည်ကို တွေ့လိုက်ရ၍ ရပ်လိုက်မိသွား၏။ ပါးစပ်ကို လက်ဖြင့်အုပ်လိုက်မိသည့်အထိ အံအားသင့်သွားပြန်၏...
ESTÁS LEYENDO
🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)
Romanceကိုကိုတချိန်က လိုချင်တမ်းတမက်မောနေခဲ့ဖူးတဲ့ ကိုကိုအချစ်ဦးဆိုသည့်အရာဟာ မစတင်ခင်မှာပင် ချေမွနင်းချေဖျက်ဆီးခံလိုက်ရပါပြီ... အချစ်ဆဲလ်လေးတစ်ခုလောက်အဖြစ်တောင် မစတင်လိုက်ခင်မှာဘဲ ကိုကို့အချစ်တို့က မီးလောင်တိုက်သွင်းခံလိုက်ရပါသည်။ 🌸မေချစ်သူကိုကို🌸