🐉Part35🐉

7.1K 120 6
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part35🐉

တစ်လ....

  ကိုကို မန္တလေးကို တစ်ယောက်ထဲ ခိုးပြန်လာတာ တစ်လလောက်ရှိပြီ။

   KO KO's YAဟု မှတ်ထားသည့် contactကိုတစ်နေ့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဖွင့်ဖွင့်ကြည့်နေတာက မရေတွက်နိုင်တော့။

    မလွမ်းလောက်ဘူးဟု အစတည်းက မထင်မှတ်ခဲ့သောကြောင့် သူ့ကိုလွမ်းသောစိတ်၊ သတိရနေသောစိတ် တွေ့ချင်နေသည့်စိတ်တို့က ဘယ်လောက်ခံစားနေရလဲဆိုတာ သူနဲ့တကယ်ဝေးလာတော့မှ ကိုကိုသိလာရပြီး ရူးမတက်လည်း ခံစားနေရပ့သည်။

ဒီအချိန်ဆို သူဘာလုပ်နေမလဲ..

သူအလုပ်သွားနေလား...

အလုပ်မှာလား...

တစ်နေရာရာမှာများ ရန်ဖြစ်နေပြီလား...

ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ပြန်တွဲနေပြီလား။

    ဒီကိုရောက်လျှင် သူငယ်ချင်းတွေနဲ့လျှောက်သွားပြီး မေ့လိုက်မယ်လို့တွေးခဲ့ပေမယ့်‌ ယခုတော့ အိမ်အပြင်ကိုတောင် သိပ်မထွက်နိုင်သည့်အထိ သူ့အသံ၊ သူ့ဆီက စီးကရက်နံ့၊ ကိုယ်သင်းနံ့ကိုသာ သတိရနေမိသည်။

   သူလုပ်ကျွေးတဲ့အစားအစာတွေဆို အရမ်းအရသာရှိတာ....

နေပါဦး....

အရသာရှိတယ်ဆိုကာမှ ကိုကို့ကင်မရာရော....

သူ့အိမ်မှာကျန်နေခဲ့တာပဲ။

  ထွက်လာတုန်းက ကိုယ်၌လွယ်ထားသောလွယ်အိတ်လေးတစ်လုံးသာ အဝတ်အစားတွေလည်း ချန်ထားခဲ့မိ၏။

“အဲလောက် လွမ်းနေရင် ဘာလို့ ‌ထွက်ပြေးလာသေးလဲ ချစ်”

“အဲတုန်းက တအားဝမ်းနည်းလို့ လုပ်ချင်ရာလုပ်ခဲ့မိတာပါ”

မျက်ရည်တို့မကျမိအောင် မျက်နှာကို အပေါ်မော့၍တစ်ချက်နှစ်ချက် ပုတ်ခက်ပြီးမှ မေဦးမောင်ကို အတတ်နိုင်ဆုံး ပြုံး၍ ဖြေလိုက်သည်။

“ဟိုကလည်း ချစ်နောက်ကိုမလိုက်လာဘူးနော် ယောက်ျားတွေများ ကောင်းကိုမကောင်းဘူး”

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Où les histoires vivent. Découvrez maintenant