🌸PART 38(FINAL)🐉

21.6K 234 26
                                    

🌸PART Final 🐉

   လက်ထဲကနာရီကိုငုံ့ကြည့်ပြီး 6နာရီကျော်လာပြီမလို့ ဒီနေ့ တန်ဆောင်တိုင်လပြည့်ညမို့ သူနဲ့ကိုကို ဘုရားသွားရန် ချိန်းထားသဖြင့် အမြန်လိုနေကာ စစ်လက်စစာရင်းတို့ကို saveကာ Laptopကို အမြန်ပိတ်လိုက်သည်။

  ချိတ်ထားသည့် အပေါ်ကုတ်ကိုယူပြီး ရုံးခန်းအထွက်တွင် မမျှော်လင့်ဘဲ တွေ့လိုက်ရသည့်မျက်နှာလေးကြောင့် သူ့မှာပင်ပန်းမှုတွေပါ ပျောက်ရှကုန်သည်။

“ဘာလာလုပ်တာလဲ.....ကို လာကြိုခဲ့မယ်လို့ပြောခဲ့တယ်လေ”

“ဟီး..... ဘုရားသွားတာကို ပုဆိုးနဲ့သွားစေချင်လို့ အရင်လာတာ...နော်”

အပြုံးနှင့် အိတ်ကိုကိုင်မြှောက်ပြသောလက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ရုံးခန်းထဲကို တစ်ဖန်ပြန် ဝင်လာပြီး သူမကို ခုံတွင်ထိုင်စေ၏။

  ပြီးမှ သူ့ကိုယ်ကို သူငုံ့ကြည့်ရင်း……

“ကိုဒီအတိုင်းလည်း သွားလို့ရတာပဲ”

“သိပါတယ် ဒါပေမယ့်လည်း ဘုရားသွားတာက ကိုကိုနဲ့ကိုယရဲ့ ပထမဆုံးအကြိမ်သွားတာဆိုတော့လေ အမှတ်တရလေး ဖြစ်အောင်လို့ ကိုကိုက ယူလာ ပေးတာပါ။ ကိုယ ပုဆိုးဝတ်တာ မမြင်ဖူးလို့ ဝတ်ကြည့်လိုက်ရင် သိပ်ချောနေမှာပဲ သိလား”

“ဟုတ်လား”

“အင်း ကိုကို့နေမီးထက် ချောနေမှာ”

“အဟွန့်... ဟိုကောင်တွေပါ ခေါ်ထားချင်လို့ ကိုကို့နေမီးဆိုပြီး လာလုပ်နေသေးတယ် ဒီကလေးမတော့”

“ကိုယရဲ့ဘော်ဒါတွေပဲလေ... အတူတူသွားချင်လို့ ခေါ်ထားတာပေါ့”

   ဒီကောင်မလေးတော့ ပြောကိုမပြောချင်ဘူး တစ်နေရာရာသွားရင်ပဲဖြစ်ဖြစ် တစ်ခုခုလုပ်ရင်ဖြစ်ဖြစ် ဘယ်တော့မှ နှစ်ယောက်သား လွတ်လွတ်လပ်လပ် မသွားရ.... အဖွဲ့လိုက်ကို သွားနေရတာပဲ။

“ဒါဆို ခဏစောင့် တစ်ခါတည်း ရေချိုးလိုက်မယ်”

“အင်း မိုက်မိုက်လေး ထွက်ခဲ့”

“အဟက်...”

  ရယ်မောချင်းနဲ့ သူမ၏ချီးမွမ်းမှုကို ခံယူရင်း သူမလက်ထဲကအိတ်ကိုယူကာ ရုံးခန်းထဲကရေချိုးခန်းဘက်ကို ဝင်သွား၏။

🎉 Hai finito di leggere 🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete) 🎉
🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Dove le storie prendono vita. Scoprilo ora