🐉Part23🐉

6.4K 147 15
                                    

🐉သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉

🐉Part23🐉

သူသဘောကျသည့် မနက်ခင်းနေရောင်ခြည်နုနုလေးဟာ အခန်းထဲသို့ဖြာကျလာပုံနှင့်အတူ သူမလေးရှိသည့်ကုတင်ဘက်ကို သူ့နဂါးပေါက်လေးမသိအောင်လာပြီးခိုးခိုးနမ်းခဲ့သည့်အလုပ်ဟာ မလွယ်ကူလှပါ။

စောင်ပုံကြားထဲက မီးခိုးရောင်အင်္ကျီလေးနှင့်နဂါးပေါက်လေးရဲ့ ခြေကားယား လက်ကားယားနှင့်အိပ်နေတာဟာ အူတတ်စရာကောင်းလောက်အောင် နန်းဆန်လှပုံကို ခါးထောက်၍ရပ်ကြည့်နေမိကာ ရယ်ချင်စိတ်ကိုလဲ ထိန်းမရတော့ အသံတိတ်၍ ကြိတ်ရယ်နေမိသည်။

သူ့စိတ်ကို ဘယ်လိုယုံကြည်အားကိုးပြီးနှစ်နှစ်ခြိုက်ခြိုက်တောင် စိတ်ချလက်ချ ဒီလိုအိပ်စက်နေနိုင်ရတာလဲဆိုတာ တွေးကြည့်လို့တောင်မရ။

စိတ်ရှိလက်ရှိ လုပ်လိုက်မိရင်လဲ ဒီလူကသာ သူမအတွက် ဂုဏ်အကောင်းတစ်ခုမှမရှိတဲ့ပုဂ္ဂိုလ်လို့ သမုတ်ခံနေရအုံးမည်။ကိုယ့်စိတ်တိုင်းကျနေလာခဲ့သမျှ ကိုယ်ဆုံးဖြတ်ချက်အတိုင်းထင်တိုင်းကြဲခဲ့သမျှတို့ဟာ ဒီနဂါးပေါက်လေးနဲ့တွေ့မှ ပြာပုံအတိဖြစ်သွားရတဲ့ကိုယ့်ဘဝကလဲ ပြောရမယ်ဆို ဆန်းတယ်။

နေမီးစကားကို ဘာလို့သူနားထောင်ပေးရမှာလဲ။ကိုယူထားပြီးမှ ပြန်ပေးလို့ရမှာတဲ့လား။

"ကိုကို အိပ်ပုတ် ထတော့"

"ဟွန်......ဝါး"

လက်တစ်ဖက်ကိုလာဆွဲထူလိုက်သောမင်းယကြောင့် အိပ်ချင်မူးတူးရုပ်လေးနဲ့ဆံပင်တွေပါ ဖွာနေပုံဟာ ချစ်စရာကောင်းလှ၏။

"ကိုတို့ ဒီ First Date ကို အိမ်မှာပဲ Dateကြရအောင်"

"Date?"

သူမက မျက်ဝန်းဝိုင်းဝိုင်းလေးကို ပိုဝိုင်းသည့်အထိ ဖြစ်သွားရင်း မြှောက်ထားသည့်လက်နှစ်ဖက်ဟာ လေပေါ်မှာတင် တန်းလန်းရပ်နေရင်း အထူးအဆန်းသဖွယ် တုံ့ပြန်လာသည်။

ဘာလဲ တစ်ညထဲနဲ့ ငါက မင်းအတွက် ဈေးကျသွားပြီးလား ကိုကို...

"ဘာလဲ ညကသောက်ထားတာကငါနော် ၊မင်း ရူးချင်ယောင်မဆောင်နဲ့၊ပြန်ရုတ်သိမ်းလိုက်ရမလား"

🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)Donde viven las historias. Descúbrelo ahora