🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🌸
🌸Part14🌸
တစ်ညလုံး ဆိုဖာပေါ်တွင်ကွေးကွေးလေးအိပ်လိုက်ရ၍ ခြေလက်တွေကျောပြင်တွေပါအောင့်ကာ လူက ကုန်းကုန်းကွကွဖြင့် နိုးထလာရသည်။ ဖုန်းထဲကအချိန်ကို ကောက်ကိုင်ကြည့်လိုက်လျှင် မနက်ရှစ်နာရီပင်ရောက်ချေပြီ။ အရှေ့မှ စောင်အပုံလိုက်ကြီးဘက်ကို အကြည့်ရောက်သွားလျှင်စောင်ပုံကြားထဲတွင် လူရှိမနေ၊ သူနိုးသွားပြီပဲ၊၊
ကိုယကို ချီးကျူးမိသည့်အချက်တစ်ချက်ဟာ သူဟာဘယ်လောက်ပဲနောက်ကျမှအိပ်အိပ်၊ ဘယ်လောက်မူးနေအောင်သောက်ပြီးအိပ်ပါစေ မနက်ခြောက်နာရီ၊ ခုနှစ်နာရီလောက်ဆိုအိပ်ယာထဲ မရှိတော့သည့်အလေ့အကျင့်တစ်ချက်ပင် ဖြစ်သည်။ တော်ရုံတန်ရုံစကေးနဲ့တော့မဟုတ်ဘူး။ ကိုကိုသူ့လောက်ပင် ဝီရိယအားမကောင်းနိုင်။
ကုန်းကွထလာရပြီစောင်တို့ကိုသေသေချာချာ ခေါက်တင်နေတုန်း ကိုကို့မြေခွေးဟာ လှေကားထစ်တစ်လျှောက်ပေါ့ပေါ့ပါးပါးလေးပင် ပြေးဆင်းလာပြီး လက်ထဲ၌သော့တွဲတစ်ခုနှင့် ပိုက်ဆံအိတ်အပြားကလေးဟာ ရင်ဘက်မှာကပ်လွယ်ထားရင်း ကိုကို့ကိုတောင် ပြုံးပြလိုက်သေးသည်။
ကိုကိုလည်း ကြောင်တောင်တောင်နှင့်ပင် သူ့ကိုပြန်ပြုံးလိုက်သည်။
အံမယ်...... မသိရင် တအားကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလေးကျနေတာပဲ။ သူ့အိပ်ယာကို ကိုယ်ကသိမ်းပေးနေရသည်ကို မေ့လျောနေသည့်ကိုယ့်အဖြစ်။ တုံးလိုက်တဲ့ကိုကိုရယ်...."မနက်စာ လုပ်ထားပေးတယ် စားပြီးငါ့ကိုခဏစောင့်နေ လိုက်ပို့ပေးမယ်"
"ဟင်... ကိုကို့ကိုကျောင်းပို့ပေးမှာလား"
"ကျောင်းဖွင့်ရက် မဟုတ်ဘူးလား"
"ဟုတ်တော့ ဟုတ်တယ် ဒါပေမဲ့ ...ဘာမှမဟုတ်တော့ဘူး၊ ကိုယဘယ်သွားမလို့လဲဟင်"
သူဘာလို့အလုပ်မသွားလဲ မေးချင်သော်လည်း မေးလိုက်လျှင် မကြိုက်မှာဆိုး၍ စကားပြောင်းရသည်။
"မြကလေးဆီသွားမလို့ .... အပေါ်တတ်ပြီး ရေသွားချိုးတော့ မင်းနောက်ကျနေအုံးမယ်"
BẠN ĐANG ĐỌC
🌸သူ့လည်တိုင်တွင် ငါ့နှလုံးသားကို အပ်၍🐉(Complete)
Lãng mạnကိုကိုတချိန်က လိုချင်တမ်းတမက်မောနေခဲ့ဖူးတဲ့ ကိုကိုအချစ်ဦးဆိုသည့်အရာဟာ မစတင်ခင်မှာပင် ချေမွနင်းချေဖျက်ဆီးခံလိုက်ရပါပြီ... အချစ်ဆဲလ်လေးတစ်ခုလောက်အဖြစ်တောင် မစတင်လိုက်ခင်မှာဘဲ ကိုကို့အချစ်တို့က မီးလောင်တိုက်သွင်းခံလိုက်ရပါသည်။ 🌸မေချစ်သူကိုကို🌸