20.3.2023
နွေဦးရဲ့တစ်ဖန်ဆိုတာ ကြုံတောင့်ကြုံခဲအခြေအနေမျိုးတော့မဟုတ်ပါဘူး နွေရောက်တိုင်းခံစားနေရတဲ့ရာသီဥတုအခြေအနေတစ်ခုလိုပါဘဲ
လူတိုင်းနီးပါးကပြောကြတာတော့နွေဦးကိုရောက်ရင် အချစ်ဦးကိုသတိရကြတယ်တဲ့ ကျွန်တော်လဲထိုလူတွေထဲကတစ်ယောက်ပါဘဲ ဘယ်တော့မှမမေ့နိုင်တော့မယ့် ကျနော့်ရဲ့ချစ်ခြင်းတရားလေးကို
ကျနော်စောင့်နေတာ..
စောင့်နေရင်းအချိန်တွေဘယ်လောက်ကုန်လွန်သွားသလဲဆိုတာ မသိတော့တဲ့ထိတိုင်စောင့်နေတုန်းဘဲ ကျွန်တာ်ကသူနဲ့ပတ်သတ်လာရင်နဂိုထဲကဒီလိုလူပါဘဲ ဒရမ်မာရုပ်ရှင်တွေထဲကလို ကျွန်တော်ကိုအတိတ်တွေခေါ်ဆောင်သွားပေးမယ်ဆိုရင်တောင် နည်းနည်းမှမလိုချင်ပါဘူး
ကျွန်တော် တို့ရဲ့အတိတ်တွေက ပျော်စရာမှမကောင်းခဲ့ဘဲ
နာကျည်းမှု ဒေါသစိတ်တွေနဲ့သာ ရစ်နှောင်နေတာ
ကျွန်တော်သူမရှိရင်မဖြစ်တာမလို့အတိတ်တွေဆီကိုနည်းနည်းမှပြန်မသွားချင်ဘူး။ ဒါပေမယ့်လဲ အချိန်တိုင်းလိုလို ဒီအတိတ်တွေက ကျွန်တော့ဆီကိုဘဲကျွန်တော့အတွေးတွေထဲကို ရောက်လာနေတာ
ပျော်စရာတော့မကောင်းပေမယ့်လို့ပေါ့*****************************************
15.6.2018
ကဗျာတွေစာတွေ သိပ်ပြီးဖွဲ့နွဲ့မပြောတတ်တဲ့ သူက အသက်ဝင်လှပလွန်းတဲ့ပန်းချီအနုပညာဆိုတာတွေကိုတော့ လက်ရာမြောက်စွာရေးဆွဲတတ်သေးသတဲ့ ကျွန်တော့ရဲ့အချစ်က အနုပညာပန်းချီအတန်းမှာ
အတာ်ဆုံးကျောင်းသားတစ်ဦးလေတစ်ခါတစ်ရံတိတ်ဆိတ်လွန်းတဲ့ပတ်ဝန်းကျင်ကြောင့်နာကျင်နေတဲ့
နှလုံးသားကို တစ်ချက်ငဲ့ကြည့်ချင်ပေမယ့်လဲလေ ကျွန်တော့ကိုဆို
ရက်စက်လွန်းတဲ့သူက "အာ သူကရက်စက်တာမဟုတ်ဘဲ ကျွန်တော့်ရဲ့
ကံတရားကိုက ရက်စက်တာပါ" သူ့ကိုဆိုအပြစ်မတင်ရက်တဲ့ ကျွန်တော့နှလုံးသားက ဘက်လိုက်တာဘဲ ဒီညတော့ကျွန်တော်အတွေးနွံထဲနစ်ပြီထင်ပါရဲ့။အိပ်စက်ချင်းမမည်တဲ့အိပ်စက်ချင်းဆိုတာဘယ်လိုမျိုးလဲ
ကျနော့်လိုကျလာတဲ့မျက်ရည်တွေကို ထိန်းဖို့ ဖစ်တည်လာတဲ့ ဆင်ခြေတစ်ခုလား ကျွန်တော်ကတော့ အိပ်စက်ခြင်းဆိုတာ ကိုအဲ့လိုဘဲသတ်မှတ်တယ် ကျွန်တော်ရဲ့မျက်ရည်တွေကို လက်ဖမိုးနဲ့သုတ်လိုက်ရင်း
"ငါအိပ်နေပြီဘဲ အိပ်ပျော်တော့မှာပါလို့" ရေရွတ်ရင်း မျက်ရည်တွေကိုတော့ လျစ်လျူ့ရှုခဲ့တယ်