ဒီနေ့သူဆေးရုံတက်တာ ငါးရက်မြောက် မနက်ဖြန်ဆို သူဆင်းရတော့မယ် ဆေးရုံကနေ ဒါပေမယ့် သူ့လူက ခုထိရောက်မလာသေးသလို အဆက်အသွယ်လဲမလုပ်သေးတာမို့ ကားတိုက်တုန်းက မသေခဲ့တာကို
နောင်တရမိသွားတယ့်အကြောင်း jisung ကိုပြောနေတာဖြစ်သည်"အဲ့တုန်းကသာ သေသွားရင် ခုဆို သူ့ကိုလွမ်းစရာမလိုတော့"
"အေး မင်းအဲ့တုန်းကသာ သေသွားရင် ငါလဲခုလို လူနာလာမစောင့်ရတော့ဘူး အဲ့ထဲကသေရမှာ"
ဟိုသုံးယောက်ကတော့သူ့ရဲ့စကားကိုကြားရင်ဘယ်လိုတုန့်ပြန်မလဲသူမသိ
Lee Felix ကတော့ သူ့လင်မျက်နှာတစ်ဘဝ ဆိုသလိုနဲ့ ဆွေးပြနေတာဖြစ်သည်ဟိုသုံးယောက်ဆိုလို့ ဟိုနေ့ကအကြောင်းကိုသူသတိရသွားသည် ဒါကိုပြောပြလိုက်ရမလား
"Felix ငါပြောစရာရှိတယ်"
"Hwang hyunjin အကြောင်းမဟုတ်ရင် ဘာမှလာမပြောပါနဲ့"
"Fuck! ငါအကောင်းပြောမလို့"
Jisung ရဲ့စကားကိုသူဖြတ်ပြောလိုက်သည်
"ဟိုဟာဘာလဲမြင်လား"
Jisung နားမလည်သည့်ပုံနှင့်သူညွှန်ပြသည်ကိုဖြေသည်
"တံခါးလေ"
"အင်း အဲ့တံခါးကိုဖွင့် အပြင်ကိုထွက်ပြီး Hwang hyunjin ဘယ်မှာလဲသိရမှငါ့ဆီပြန်လာပြော သူ့အကြောင်းကလွဲပြီးကျန်တာစိတ်မဝင်စားလို့ ဒီတိုင်း ထွက်သွားလိုက်တော့"
လေသံငြိမ်ငြိမ်နှင့်မျက်ခုံးနှစ်ခုကိုလက်ဖြင့်စုထောက်ထားပြီးတစ်လောကလုံးပျက်စီးနေရင်တောင်မသိချင်သည့်ပုံနှင့်ပြောလာသည်မို့ jisung စိတ်အချဉ်ပေါက်သွားရသည်
Felix စကားဆုံးသည်နှင့် တံခါးအပြင်မှ ရယ်သံတစ်ခုကို နှစ်ယောက်လုံးသေချာကြားလိုက်ရသည်
"ဘယ်သူလဲ Min လား"
"Min?"
felix ရဲ့စကားကို တံခါးအပြင်က သံယောင်လိုက်နေသည်ကိုထပ်ကြားလိုက်ရတာမို့ Jisung ကိုမျက်စပစ်ပြကာတံခါးဆီသွားရန် မျက်လုံးဖြင့်အကြောင်းကြားလိုက်သည် felix က ဒဏ်ရာအရှိန်ရော ဆေးပိုက်တွေရောသွင်းထားတာမို့ ထမရတာကြောင့် သူ့ကိုသွားခိုင်းခြင်းဖြစ်သည်