ခရီးသည်တင်ယာဉ်ကားကြီးဆီမှလူငယ်တစ်စုရဲ့စကားပြောသံဟာ ကားတစ်စီးလုံးထိတိုင်ကြားရအောင်ဆူညံနေမှုကြောင့် ကားထဲမှလူကြီးတွေရဲ့အလိုမကျသံ ဆူပူသံတွေကအလှိုင်လှိုင်ထွက်လာသည်
Felix ကိုယ်တိုင်လဲ ထိုဆူညံသံတွေကြောင့်မှေးနေရာမှနိုးလာသည် လက်၌ပတ်ထားသောနာရီကိုကြည့်လိုက်တော့ ၉ နာရီ ၁၀ မိနစ်မနက်နေရောင်မထွက်ခင်ထဲက ကားဂိတ်ကိုထွက်လာတာဖြစ်ပြီး ခုဆိုသူကားစီးလာတာ ၄ နာရီလောက်ရှိပြီ တကယ်က အိမ်ကနေ ၉ နာရီလောက်မှထွက်ဖို့စီစဉ်ထားတာ ဒါပေမယ့် ထိုအချိန်ဆို ဟိုလူတွေနဲ့တိုးနေမှာစိုးလို့မနက်အစောထဲက သူထွက်လာတာ ဖြစ်တယ်
အပြင်ကိုကြည့်မိတော့ ကားဂိတ်ကိုတောင်မြင်နေရပြီ"ရောက်နေပြီဘဲ"
ရောက်တောင်ရောက်နေပြီမလို့ Felix အနေနဲ့အိတ်တွေကိုသေချာကိုင်ကာ အပြင်ကိုငေးနေရင်း ကားဂိတ်ကိုရောက်လာသည်
ကားပေါ်ကဆင်းလာတော့ ပင်လယ်လေအေးအေးကမျက်နှာနုနုပေါ်ဖြတ်သန်းဆီးကြိုတယ် အသက်ကိုဝဝရှူရင်း သူ့ကိုလာကြိုမယ့်သူကိုလိုက်ရှာမိတော့ changbin hyung နဲ့ကောင်လေးတစ်ယောက် ကအပြေးလာနေတယ်
"ခုမှကားရောက်တာကို ဘယ်ချိန်ထဲကစောင့်နေကြတာလဲ"
အနားရောက်လာသော changbin hyung ကိုကြည့်ပြီးဆိုသည်
ဘေးကကောင်လေးကိုတစ်ချက်ကြည့်တော့ ရီပြလာသည် ကောင်လေးက သူ့ထက်တော့ငယ်မည့်ပုံပင်"မကြာသေးဘူး စောနကမှရောက်တာ နောက်ကျပြီတောင်ထင်နေတာ Minho ကလိုက်နှောင့်ယှက်နေလို့လေ"
Changbin hyung ရဲ့စကားကိုခေါင်းငြိမ့်ပြလိုက်ရင်း ဘေးကကောင်လေးကိုဘယ်သူလဲဆိုကာ မေးဆတ်ပြတော့ ထိုကောင်လေးကမိတ်ဆက်လာသည်
"မဂ်လာပါ hyung ကျွန်တော်က changbin hyung ရဲ့အသိညီလေးပါ"
"အော် နမည်ကရော"
တော်တန်ရုံစပ်စုတတ်တဲ့သူမဟုတ်သော်လဲ ထိုကောင်လေးကတော့ချစ်စရာကောင်းသည်မို့သိချင်မိသည်
"မင်းကလဲ ရောက်တာတောင်မကြာသေးဘူး တွေ့သမျှလိုက်မေးနေတော့တာဘဲ"